သတင်းများ

ဘားအံမြို့နယ်၊ မြို့ပေါ်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉၁)အုပ်အတွင်း COVID−19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပေးဗီနိုင်းများ စိုက်ထူ
Mar 21,2020
ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဘားအံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ပူးပေါင်း၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြို့ပေါ်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉၁)အုပ်စုအတွင်း ကျေးရွာများတွင် COVID−19 ရောဂါအကြောင်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေးအတွက် အသိပေးဗီနိုင်းများ စိုက်ထူခြင်း ကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျောက်မဲမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးပေးခြင်းများ ဆောင်ရွက်
Mar 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းတို့ ပူးပေါင်း၍ ယနေ့မွန်းလွဲ ၂ နာရီအချိန်က လူစည်ကားရာ ဗဟိုဈေးကြီးအနီး ညဈေးတွင် ခရီးသွား ပြည်သူများနှင့် ဈေးဝယ်သူများကို ရှမ်း/မြန်မာ နှစ်ဘာသာပါ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းများကို လက်တွေ့သရုပ်ပြ ရှင်းလင်းပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများ စိုက်ထူ
Mar 21,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများ ကို ယမန်နေ့ညနေ(၃)နာရီက စိုက်ထူခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရန် ပြည်နယ်အစိုးရအဖွဲ့မှ ကွင်းဆင်း စီစဉ်
Mar 21,2020
COVID-19 ရောဂါကြောင့် မြဝတီမြို့၌ နယ်စပ်ဂိတ်များ ပိတ်ပင်ခဲ့ပြီး တရားမဝင် နယ်စပ် ဖြတ်သန်းသွားလာမှု မရှိစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ လတ်တလော နယ်မြေ ဒေသ အခြေအနေအရ လှေဂိတ်များမှတဆင့် သောင်ရင်းမြစ်အတွင်း ဖြတ်သန်း သွားလာလျက် ရှိသည့် လုပ်သားပြည်သူအများ သွားရေးလာရေး အခက်အခဲများနှင့် ကြုံတွေ့ နေရကြောင်း သိရှိရပါသဖြင့်
မုဒုံမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ (COVID-19) ရောဂါကာကွယ်ရေး လုပ်ငန်းများညှိနှိုင်းအစည်းအဝေးဆောင်ရွက်
Mar 21,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် (COVID-19)ရောဂါ ကူးစက်ပျံနှံ့မှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီ က မုဒုံမြို့ ၊မြို့မ(၃)ရပ်ကွက်ရှိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ပြုလုပ်သည်။
ကွန်ဟိန်းမြို့၌ (COVID-19)ရောဂါ အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Mar 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ (COVID-19)ရောဂါနှင့် စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲအား ယမန်နေ့ ညနေ ၅ နာရီအချိန်က ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
အမှိုက်ပုံးများ အနံ့အသက်ကင်း၍ သန့်ရှင်းစေရန် ဆေးကြော
Mar 20,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ မြို့နယ် အတွင်းနေထိုင်သူများ အနံ့အသက်ကင်းဝေး၍ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်နိုင်ရန်အတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ အမှိုက်ပုံးများအား အနံ့အသက်ကင်း၍ သန့်ရှင်းစေရန်၊ ရေဆေးကြောသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အမာမြို့၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ
Mar 20,2020
အမာမြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါကူးစက်မှု ကာကွယ်နိုင်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသော အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေ၍ အသိပညာပေးခဲ့ကြောင်း သိရသည်။