သတင်းများ

နမ္မတူမြို့နယ်၌ ပညာ့အမြုတေစာကြည့်တိုက်မှ တတိယအကြိမ်မြောက် ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်
Mar 22,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ သ.တ.လ (၇) ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသည့် ပညာ့အမြုတေ စာကြည့်တိုက်မှ မြို့နယ်တွင်းရှိ ပြည်သူများနှင့် ကျောင်းသား/သူ ကလေးငယ်များထံသို့ တတိယအကြိမ်မြောက် စာအုပ်စာပေများ လက်ဝယ်အရောက် ငှားရမ်းဆောင်ရွက်ခြင်း လုပ်ငန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Mar 21,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘုရင့်နှောင်လမ်းမကြီးဘေးတွင် ယနေ့မွန်းလွဲ ၂ နာရီ အချိန်၌ လျှပ်စစ်ဝါယာရှော့ဖြစ်၍ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားပြီး ဘုရားသုံးဆူမြို့ မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဇင်မင်းထက် ဦးဆောင်၍ မီးသတ်ယာဉ် ၂ စီးဖြင့် သွားရောက်ငြိမ်းသတ်ရာ မွန်းလွဲ ၂နာရီ မိနစ် ၂၀ တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး
Mar 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး နှင့်တုံ့ပြန်ဆောင်ရွက်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ကျင်းပခဲ့သည်။
သက်တမ်းလွန်စားသောက်ကုန်များနှင့် ကန့်သတ်ဆိုးဆေးပါဝင်သည့် အစားအသောက် ရောင်းချမှု ရှိမ/ရှိ ကွင်းဆင်းစစ်ဆေး
Mar 21,2020
ဘောဂလိမြို့ စည်ပင်ဧရိယာအတွင်းရှိ ဈေးဆိုင်များ၌ သက်တမ်းလွန်စားသောက်ကုန်များနှင့် ကန့်သတ်ဆိုးဆေးပါဝင်သည့် အစားအသောက်များရောင်းချမှု ရှိ/မရှိ သံတောင်ကြီး မြို့နယ် စားသုံးသူ ရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဦးအိုကလိုထူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ငလျင်ဘေးအန္တရာယ်ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှု ဘောလခဲမြို့၌ကျင်းပ
Mar 21,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ငလျင်ဘေးအန္တရာယ် ကြိုတင်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၈)နာရီက နယ်စပ်တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
(Covid-19)ရောဂါကူးစက်ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှ မြန်မာနိုင်ငံဘက်သို့ နိုင်ငံခြားသားများ ဝင်ရောက်ခွင့် ယာယီပိတ်ပင်ထား
Mar 21,2020
(Covid-19) ကူးစက်ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ဖွင့်လှစ်ထားသည့် နယ်စပ်ဝင်ထွက်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ နိုင်ငံခြားသားများ ဝင်ထွက်ခွင့်အား ယာယီပိတ်ပင်ထားရှိရာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ရှိ ရိခေါ်ဒါရ် နယ်စပ်ဝင်ထွက်ပေါက်မှ မြန်မာနိုင်ငံဘက်သို့ နိုင်ငံခြားသားများ ဝင်ရောက်ခွင့်အား မတ် ၁၉ ရက်မှ စ၍ ယာယီပိတ်ပင်ထားကြောင်း သိရသည်။
မိုးနဲမြို့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Mar 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို လင်းခေးခရိုင် ခရိုင်အဆင့် တည်ဆောက် ရေး လုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေနှင့် ကော်မတီဝင်များသည် မိုးနဲမြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ် နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ကွင်းဆင်း ကြည့်ရှု စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(COVID -19) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးစာစောင်အား မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသ
Mar 21,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ (COVID-19) ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် (COVID -19) ရောဂါ အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများနှင့်စာစောင်များကို ပြသဆောင်ရွက်ထားလျက်ရှိသည်။