သတင်းများ

လူထုအခြေပြု ဗဟိုဌာန၌ ကိုရိုနာဗိုင်းရပ်(စ်)အန္တရာယ် အသိပညာပေးဟောပြော
Mar 16,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် စာကြည့်တိုက်သို့ လာရောက်သော ကျောင်းသား/ သူများအား ကိုရိုနာဗိုင်းရပ်(စ်) အန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ ကိုရိုနာဗိုင်းရပ်(စ်) အန္တရာယ်အား ကြိုတင်ကာကွယ် နိုင်ကြစေရန် ရည်ရွယ်ချက်များဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓါတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။
ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်းတံတား ဖောက်လုပ်ခြင်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြရန်ပုံငွေ (၈၀ ဒဿမ ၄၆) သန်းဖြင့် တင်ဒါအောင်မြင်သည့် ​အောင်သီရိစံကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နတ်ရေတွင်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်မှု(၁/၀မိုင်)နှင့် ဥက္ကံကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်မှု (၀/၇) ဆောင်ရွက်နေမှု အခြေအနေ များကို ယမန်နေ့ နံနက်(၉)နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။
မော်လိုက်မြို့၌(COVID -19) ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ
Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်း (COVID -19) ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
ဖာပွန်မြို့၌ တောင်သူများ မြေဩဇာအချိုးညီစနစ်တကျကျွေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
Mar 16,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဒေသခံတောင်သူများ မြေဩဇာအချိုးညီ စနစ်တကျကျွေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဖာပွန်မြို့နယ်၊ ဝှေဆန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုင်းဖြတ်၌ မီးခိုးမြူငွေ့များ ကျရောက်ခြင်းကြောင့် ရေမှုန်ရေမွှားများပက်ဖျန်း
Mar 16,2020
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း မီးခိုးမြူများ ဖုံးလွှမ်းနေခြင်း ကြောင့် မီးသတ်တပ်ဖွဲ့မှ ယမန်နေ့ နံနက် ၁၀ နာရီခွဲကစ၍ မြို့တွင်း ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် မီးသတ်ယာဉ်ဖြင့် ရေမှုန်ရေမွှားများ ပက်ဖျန်းလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြစ်တွင်းသွား စက်တပ်သမ္ဗန်များ မြူနှင်းပိတ်ချိန် မထွက်ခွာစေရေး ဒလမြို့နယ်ရှိ ကူးတို့ဆိပ်(၁၁)ဆိပ်အား စစ်ဆေး
Mar 16,2020
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြစ်တွင်း၌ မြူနှင်းပိတ်မှုကြောင့် ရန်ကုန်မြို့သို့ တက္ကသိုလ် ဝင်တန်း စာမေးပွဲ သွားရောက် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွား မိဘ ပြည်သူများ အန္တရာယ်မဖြစ်ပေါ်စေရေး၊ ဘေးကင်း လုံခြုံရေးအတွက် မြစ်တွင်းသွား စက်တပ် သမ္ဗန်များ၌ သတ်မှတ်ထားသော စည်းကမ်းများ လိုက်နာမှုရှိစေရေး၊ မြူနှင်းပိတ်ချိန် ကမ်းမှ ခရီးသည်များ တင်ဆောင်ပြီး မထွက်ခွာစေရေးတို့ကို ယနေ့ နံနက်ပိုင်းက ဒလမြို့နယ်အတွင်းရှိ ကူးတို့ဆိပ်(၁၁)ဆိပ်အား  မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်မှု ကော်မတီမှ ကွင်းဆင်းစစ်ဆေး ခဲ့ပြီး ထပ်ဆင့် အသိပေး ပြောကြားခဲ့သည်။
မြစ်သားမြို့နယ်တွင် Covid 19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လိုအပ်သည့်ဆေးဝါးနှင့် ပစ္စည်းများအတွက် အလှူငွေ ကျပ်(၁၀)သိန်း လှူဒါန်း
Mar 16,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် Coronavirus Disease 2019 (Covid- 19) ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောဆေးဝါးနှင့် ပစ္စည်းများအတွက် အလှူငွေကျပ်(၁၀)သိန်းလှူဒါန်းပေးအပ်ပွဲကိုယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘောဂလိမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့
Mar 16,2020
အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့လျက်ရှိရာ ယနေ့ နံနက် (၈နာရီခွဲ)အချိန်က ဘောဂလိမြို့ အမှတ်(၃) ရပ်ကွက်အတွင်း  ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြသည်။