သတင်းများ

ပင်းတယမြို့နယ်၌  လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (ပထမ) အကြိမ်ဆင်းပွဲ ကျင်းပ
Jun 02,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ဈေးတန်းရပ်ကွက်ရှိ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် " အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း " ဆောင်ရွက်မည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေးစီမံကိန်းလုပ်ငန်းအတွက် လူသုံးကုန်ထုတ်မှုနည်းပညာသင်တန်း (ပထမ) အကြိမ်ဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း  ကျင်းပခဲ့သည်။
ရွှေတောင် မြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနား ပြုလုပ်
Jun 02,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ မင်းရွာကွင်းအမှတ် (၄၂၁) ကွင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရေဆင်းပေါ်ဆန်း- ၁ (၄၂) ဧကနှင့် ရေဆင်းပေါ်ဆန်း- ၂ (၂၀) ဧက စုစုပေါင်း (၆၂) ဧက မျိုးစေ့ထုတ် စိုက်ခင်းအတွင်းရှိ တောင်သူ ဦးခင်အေးနိုင်၏ လယ်မြေ (၁.၀၀) ဧကတွင် ( ရေဆင်းပေါ်ဆန်း- ၁) နွေစပါး စံကွက်ရိတ်သိမ်းပွဲအခမ်းအနား ပွဲကျင်းပခဲ့သည်။
ကျောက်ဆည်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ရောင်စုံပန်းချီပြိုင်ပွဲကျင်းပ
Jun 02,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်ခန်းမ၌ ခရိုင်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ရောင်စုံပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရပ်စောက်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒေသကြက် (၃၀) ကောင် ထောက်ပံ့ပေးအပ်
Jun 02,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဒေသကြက် (၃၀) ကောင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက လွယ်ကိုးကျေးရွာအုပ်စု ၊ နောင်ဖန်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆံတော်ရှင်စေတီတွင် ရွှေသံလွင်ကုမ္ပဏီလီမိတက်မိသားစုက ၁ ကျပ်သားရွှေပြား ၅ ချပ်နှင့် ရွှေသင်္ကန်းအလှူတော်ငွေ ၅၃၄၁၇၅၀၀ /- ကျပ် ဆက်ကပ်လှူဒါန်း
Jun 02,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဆုတောင်းပြည့် ကျိုက္ကစံဆံတော်ရှင်စေတီ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ လူမှုထူးချွန် (ပထမဆင့်) အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးသိန်းဝင်းအား ရည်စူး၍ (ချစ်ဇနီး) မဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဝဏ္ဏကျော်ထင် ဒေါက်တာနီနီနှင့် သား၊ သမီး၊ မြေးတစ်စု၊ ရွှေသံလွင်ကုမ္ပဏီလီမိတက်မိသားစုက ၁ ကျပ်သားရွှေပြား ၅ ချပ်နှင့် ရွှေသင်္ကန်းအလှူတော်ငွေ ၅၃၄၁၇၅၀၀/- ကျပ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။
Grand Hlaing Thar Yar (Premiun) အိမ်ရာ ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ
Jun 02,2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Myanmar Art Construction And Development Co.,Ltd တို့ ပူးပေါင်းဆောင်ရွက်သည့် Grand Hlaing Thar Yar(Premiun) အိမ်ရာ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အဆိုပါအိမ်ရာဝင်းတွင် ကျင်းပရာ ဆရာတော်၊ သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Grand Hlaing Thar Yar(Premiun) အိမ်ရာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သန်လျင်မြို့နယ်၌ မိုးစပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကျင်းပ
Jun 02,2026
သန်လျင်ခရိုင် သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာတောင်သူ ဦးကျော်စွာ၏ လယ်မြေတွင် မိုးစပါးမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါလယ်မြေ၌ ကျင်းပသည်။
မြစ်သားမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 02,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ၂၀၂၆ - ၂၀၂၇ ပညာ သင်နှစ်အတွက် ဇွန်  ၁ ရက် နံနက် ၉ နာရီအချိန်က စတင်၍ ကျောင်းများစတင်ဖွင့်လှစ်ကာ ကျောင်းဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို စတင် ပညာသင်ကြား‌ပေးလျက်ရှိသည်။