သတင်းများ

မိုင်းတုံမြို့၌ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ ပူးပေါင်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 01,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ကော်မရှင်မှ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ ပူးပေါင်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်‌ကော်မရှင်ရုံးတွင် ကျင်းပခဲ့သည်။
ဗိုလ်တထောင်မြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်မှ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ
Oct 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ ရပ်ကွက်များအတွင်း ပထမအကြိမ်အဖြစ် မဲစာရင်း ကပ်ထား ကြေညာထားရှိခြင်းကို ယနေ့နံနက်ပိုင်းက စတင် ၍ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား အလှူ‌ငွေများ၊ လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ခြင်း ပြုလုပ်
Oct 01,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား အလှူငွေများ၊ လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ခြင်းကို အောက်တိုဘာ ၁ ရက်နေ့နံနက် (၇) နာရီက မြင်းခြံဘိုးဘွားရိပ်သာတွင် ပြုလုပ်ခဲ့သည်။
ငွေဆောင်မြို့၌ မဲဆန္ဒရှင်လူဦးရေစာရင်းများ ထုတ်ပြန်ကြေညာ
Oct 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်၍ (ပထမ) အကြိမ်အဖြစ် တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ငွေဆောင်မြို့တွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူ( တိုင်းပြင်ပ) များထဲမှ အသက်၁၈နှစ်အထက် မဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်
Oct 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ယာယီနေရပ်စွန့်ခွာ ( တိုင်းပြင်ပ)ပြည်သူ များထဲမှ အသက် (၁၈) နှစ်အထက် မဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်မှစတင်ကာ မြို့ပေါ်ရပ်ကွက် (၁,၂,၃,၄) နှင့်ဆင်မ၊ကျောက်ဖျာ၊သဇင်ကျေးရွာအုပ်စုများသို့ သွားရောက်ကာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန်ကြီး‌ထောင့်မြို့နယ်၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိ
Oct 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီး‌ထောင့်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်ရည်ရွယ်၍ မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ စက်တင်ဘာလ(၃၀)ရက်နေ့ နံနက် ၆ နာရီအချိန်မှ စတင်၍ (ပထမ) အကြိမ်အဖြစ် တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာထားလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ကဝမြို့နယ်၌ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ
Oct 01,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာများတွင် ကြော်ငြာ ဘုတ်များဖြင့်ကြေညာထားကြောင်းသိရသည်။
သာစည်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းနှင့်တံတားအချို့ပျက်စီး
Oct 01,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်း စက်တင်ဘာ၃၀ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် လမ်းနှင့်တံတားအချို့ပျက်စီးခဲ့ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။