မတ္တရာမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကြေညာထား
Oct 01,2025
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသည့် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃ဝ ရက်မှ စတင်၍ ပထမအကြိမ်အဖြစ် ကြေညာထားကြောင်းသိရသည်။