တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားသို့တက်ရောက်
Oct 01,2025
ယနေ့တွင်ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ(၁)၌ ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်ဖွဲ့ဝင် တစ်ဦး ချင်းစီ၏ စိတ်ဓာတ်၊စည်းကမ်း၊ ကိုယ်ကျင့်တရား၊ လုပ်ငန်းစွမ်းရည်များပြည့်ဝနေစေရန် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ပြီး ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တပ်ဖွဲ့ဖြစ်ကြောင်း၊ မကြာမီ ကျင်းပတော့မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးမြောက်ရေးအတွက် ကျရာကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ အရည်အချင်းပြည့်ဝပြီး စွမ်းရည်ထက်မြက်သောမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဂုဏ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားမြှင့်တင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။