ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော
Feb 06,2025
ကျောင်းသား/ကျောင်းသူများ ကလေးအလုပ်သမား၏အဓိပ္ပါယ်ကို သိရှိနားလည်စေရန်နှင့် ကလေးအလုပ်သမားပပျောက်စေရန် ရည်ရွယ်ပြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက် (၁၀) နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။