သတင်းများ

ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာအပ်စု၌ စိုက်ပျိုးထားသော ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်း
Sep 30,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာအုပ်စု၌ စိုက်ပျိုးထားသော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအ‌ထောက်အကူပြု အခြေခံအပ်ချုပ်စက် (၂)လသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Sep 30,2025
တနင်္သာရီတိုင်းဒေသကြီး၊   ထားဝယ်ခရိုင်၊   သရက်ချောင်းမြို့နယ်၊    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲက အသက်မွေးဝမ်းကျောင်းအ‌ထောက်အကူပြု အခြေခံအပ်ချုပ်စက် (၂)လသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသော ရပ်ကွက်များအား ရေလှူဒါန်း
Sep 30,2025
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ စက်တင်ဘာ ၂၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး မြို့အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ချောင်းများမှ ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့မှုများကြောင့် သောက်သုံးရေအခက်အခဲများဖြစ်ပေါ်လျက်ရှိရာ အဆိုပါ ရပ်ကွက်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့က သောက်သုံးရေဂါလံ ၃၂၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူလူငယ်များကို အာဟာပြည့် စားသောက်ဖွယ်ရာများ လှူဒါန်း
Sep 30,2025
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား၊ ကျောင်းသူလူငယ်များသည် ရန်ကုန်မြို့ အ.ထ.က(၁)ကမာရွတ်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။
တန့်ယန်းမြို့နယ်တွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်
Sep 30,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၅)နှစ်နှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တောင်ကြီးမြို့ လွိုင်လုံပညာဗောတိ ပရဟိတကျောင်းနှင့် ရေထွက်ဦး ရေကန်တာဘောင်မြှင့်ခြင်း လုပ်ငန်းပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 30,2025
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ လွိုင်လုံပညာဗောတိ ပရဟိတကျောင်းသို့သွားရောက်၍ လွိုင်လုံပညာဗောတိ ပရဟိတကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ သီရိဓမ္မာဘိပါလအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ပွင့်ဖြူမြို့နယ်၌ ဈေးရောင်းဈေးဝယ်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး
Sep 30,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်အတွက် ဈေးရောင်းဈေးဝယ်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့မ စည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်သည်။
လားရှိုးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ
Sep 30,2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လာရှိုးခရိုင်ရုံးက စာဖတ်ရှိန်မြှင့်တင်‌ရေး စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသ‌ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။