သတင်းများ

လိပ်သိုဒေသထွက် ကွမ်းသီးခွံအုပ်ခြောက်များ စျေးကောင်းရရှိ
Sep 30,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို​ဒေသရှိ ဒေသနေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဒေသထွက်ကွမ်းသီးစို၊ ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ဆေးတက္ကသိုလ်-မန္တလေး၊ အလုပ်သင်ဆရာဝန် (သစ်လွင်) ကြိုဆိုပွဲနှင့် Orientation Course For House Officers ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 30,2025
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်-မန္တလေး အလုပ်သင်ဆရာဝန်(သစ်လွင်)ကြိုဆိုပွဲနှင့် Orientation Course For House Officers ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်း‌အေးသာစံ မြို့နယ်၊ လမ်း ၃၀ × ၇၃ လမ်းရှိ ဆေးတက္ကသိုလ်-မန္တလေး၊ မန်းရတနာပုံ(ဇီဝက)ခန်းမတွင် ကျင်းပခဲ့သည်။
ကမမောင်းမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာ
Sep 30,2025
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ်ကပ်ထား ကြေညာခြင်းကို ယနေ့နံနက်ပိုင်းမှစ၍  ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် စတင်ဆောင်ရွက် ကြောင်း သိရသည်။
မြဝတီခရိုင်ရုံးမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အ-လ-က(၄) ကျောင်းသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Sep 30,2025
မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ် (၄)၊ အခြေခံပညာအလယ်တန်းကျောင်း၌ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Sep 30,2025
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ကြီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၇နှင့် ၂၈ ရက်တို့တွင် မာန်အောင်မြို့နယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား (၁၃၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 30,2025
မန္တလေးမြို့၊ မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား၏ (၁၃၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃဒါနဆွမ်းလောင်းလှူပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် ၃ ရက်(အောက်တိုဘာ ၉ ရက်) နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး သာသနာတော်နှစ် ၂၅၆၉ နှစ်အထိမ်းအမှတ်အဖြစ် မန္တလေးမြို့လေးပြင်လေးရပ်မှ ပင့်သံဃာတော် ၂၅၆၉ ပါးကို ဆွမ်းသပိတ်များ လောင်းလှူသွားမည်ဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)နှင့် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ရပ်‌/ကျေးအဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 30,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)နှင့် ကော့သောင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ရပ်/ကျေးအဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင် ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ လေ့လာဆန်းစစ်ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့်စီမံကိန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြသည့် အစည်းအဝေးသို့ တက်ရောက်
Sep 30,2025
မြိတ်မြို့နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာငါးလေလံ ဈေးနှင့်စက်မှုဇုန်စီမံကိန်းဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ လေ့လာဆန်းစစ်ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် စီမံကိန်းဆိုင်ရာကိစ္စရပ်များအား မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်က ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။