မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အရန်မီးသတ်တပ်ဖွဲ့က ဒေါနဘွားရပ်ကွက်အတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Feb 05,2025
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်မျိုးထက်၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇေကိုကိုပိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ(၄) တပ်ခွဲမှူး ကျော်ဝင်းနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေါနဘွားရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲညွန့်အောင်နှင့် အကွက်တာဝန်ခံများပူးပေါင်းအဖွဲ့သည် မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့၊ ဒေါနဘွားရပ်ကွက်အတွင်း မီးဘးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်း၊ တစ်အိမ်တက်ဆင်းမီးစစ်ဆေးခြင်းများ ကို ယနေ့နံနက်ပိုင်းက အဆိုပါရင်ကွက်အတွင်း စုပေါင်းဆောင်ရွက်ကြသည်။