Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ကံမမြို့နယ် သက္ကယ်မြောင်ကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
May 18,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေချောမွေ့စေရန်အတွက် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီက သက္ကယ်မြောင် ကျေးရွာအုပ်စုမှ တောင်သူ(၁၄၇)ဦးတို့၏ မိုးစပါးစိုက်ဧက(၄၉၃)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၁၄၇၉)သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ဆေးရွက်ကြီး အသုံးမပြုရေးနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည် ပြိုင်ပွဲများပြုလုပ်
May 18,2026
၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆေးရွက်ကြီး အသုံးမပြုရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏ စွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပြိုင်ပွဲများကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့အတွက် ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် ထရန်စဖော်မာ (၂) လုံးဖွင့်ပွဲ အခမ်းအနားကျင်းပ
May 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့အတွက်ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် 11-6.6/0.4kv,200 kVA ထရန်စဖော်မာ (၂) လုံးတည်ဆောက်ပြီးစီး၍ ဓါတ်လွှတ်ဖွင့်လှစ်သည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် လွတ်လပ်ရေးရပ်ကွက်၊ ၉၇ လမ်းတွင် မဲဆန္ဒနယ်အမှတ် (၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဇော်ကလည်းကောင်း၊ ပုသိမ်ညွန့်ရပ်ကွက်၊ ၁-လမ်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်ကလည်းကောင်း ဓာတ်လွှတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ကြွပ်ကြွပ်အိတ်အစားထိုးအင်ဖက်များ အခမဲ့ဖြန့်ဝေ
May 18,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်း/ဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၇)နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့ကျက်သရေဆောင် မြို့ဦးစေတီတော်မြတ်ကြီးအား ပြုပြင်မွမ်းမံရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်စေရေးအတွက်(ဒုတိယ)အကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 18,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၏ ကျက်သရေဆောင်ဖြစ်သော မြို့ဦးစေတီတော်မြတ်ကြီးအား အုတ်တံတိုင်းကာရံခြင်း၊ ရင်ပြင်တော်မြှင့်ခြင်းနှင့် ကြွေပြားအပြည့်ခင်းခြင်း၊ အခြားလိုအပ်သည့် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်နိုင်ရန်အတွက် သြဝါဒါစရိယ ဆရာတော်ကြီးများအား ပင့်ဖိတ်၍ အုတ်တံတိုင်းအလှူရှင်များ၊ ရင်ပြင်တော်နှင့် ဘက်စုံအလှူရှင်များ၏ အလှူငွေပေးအပ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ယမန်ေန့ညနေပိုင်းက မြို့ဦးစေတီတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့ဦးစေတီတော်၏ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ ပစ္စည်း၊ ယန္တယား) စုဖွဲ့မှုနှင့် သဘာဝဘေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပ
May 18,2026
မြဝတီမြို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ အထိအခိုက် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၉း၀၀ နာရီက အမှတ်(၁)ရပ်ကွက်ရှိ ဘောလုံးကွင်းတွင် သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ ပစ္စည်း၊ ယန္တယား) စုဖွဲ့မှုနှင့် သဘာဝဘေးဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ခရမ်းစိုက်ခင်းများ အောင်ဖြစ်ထွန်းပြီး ရောင်းအားကောင်း၍ စိုက်ပျိုးသူများအဆင်ပြေ
May 18,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးကြရာ ခရမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ခရမ်းစိုက်တောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်၌ ရက် ၁၀၀ စီမံချက်အတွက် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် မကူးစက်နိုင်သော ရောဂါများရှာဖွေကုသခြင်းများဆောင်ရွက်
May 18,2026
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး)နှင့် ချမ်းအေးသာစံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် မကူးစက်နိုင်သောရောဂါများရှာဖွေကုသခြင်းကို ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ဝါကင်းကုန်းဘုရား၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
710
Page
711
Page
712
Page
713
Current page
714
Page
715
Page
716
Page
717
Page
718
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department