သတင်းများ

မကွေးမြို့တွင် ကျောင်းနေအရွယ် ကလေးများအာဟာရ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်းအာဟာရ‌ ချက်ပြုတ်ကျွေးမွေး
Feb 05,2025
ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ကို မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် ပြုလုပ်လျက်ရှိရာ၊ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် KG ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်းအာဟာရ‌ကျွေးမွေးခြင်း(ဒုတိယအကြိမ်)ကို ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
လယ်ဝေးမြို့နယ်၊ သံဃနာယကအဖွဲ့ဝင် ဆရာတော်များ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်ဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေး ကျင်းပ
Feb 05,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာအုပ်စု၊ သရက်တောဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာ‌တော်များ အနားယူခြင်းဆိုင်ရာ အစည်းအဝေးအခမ်းအနား ကျင်းပခဲ့သည်။
ပုသိမ်ကြီးမြို့နယ် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတား(၁)စင်း တည်ဆောက်ပြီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 05,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချော- ဆည်တော်-ဂိုက်တန်းလမ်းပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ကမ်းကပ်ခုံနှစ်ဘက်ကျိုးကျ ပျက်စီးသွားသည့် ပေ(၄၀)အရှည်ရှိ ကွန်ကရစ်တံတားနေရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (မူလ)ရန်ပုံငွေ ကျပ် (၂၆၄.၀၀) သန်းဖြင့် (၁၈.၂၉) မီတာအရှည်ကွန်ကရစ်တံတား(၁)စင်းပြန်လည် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပြည်ထောင်စုအ‌ထွေထွေပိုလျှံရန်ပုံငွေဖြင့် ကျေးလက်လမ်းလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Feb 05,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးလက်လမ်းတည်ဆောက်ခြင်းလုပ်ငန်းခွင်များသို့ ယမန်နေ့ နံနက်ပိုင်းတွင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ သစ်တောဦးစီးဌာနက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(အ.ထ.ကစိုက်မွေး)‌ကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေး၌ ဈေးမီးဘေးလုံခြုံရေးအတွက် ဟောပြောသရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက် 
Feb 05,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေး၌ ဈေးမီးဘေးလုံခြုံရေးအတွက် ဟောပြောသရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အမျိုးသားဘောလုံး အားကစားပြိုင်ပွဲတွင် ဘုရင့်နောင်ရပ်ကွက်အသင်းမှ ကစားသမားတစ်ဦး အကောင်းဆုံးဆုရရှိ
Feb 05,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲကျင်းပ ယှဉ်ပြိုင်လျက်ရှိရာ ဘုရင့်နောင်ရပ်ကွက်အသင်းနှင့် မြဝတီရပ်ကွက်အသင်းတို့ ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၃ နာရီခွဲက မြို့နယ်အားကစားကွင်းတွင်  ယှဉ်ပြိုင်ကစားခဲ့သည်။
ဇေယျာသီရိမြို့နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ကျေးလက်လမ်းလုပ်ငန်းများ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်း
Feb 05,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့် လမ်းများပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းခွင်များသို့ ယနေ့မွန်းလွဲပိုင်းက  တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။