သတင်းများ

မြိတ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Feb 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးနှင့် ကလေးအလုပ်သမားများနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များ၊ အကာအကွယ်ပေးထားသည့် ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနိုင်စေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အ.ထ.က(၃)မြိတ် ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်၌ အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ)အကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်
Feb 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ)အကြိမ် ကျောင်းတွင်း‌အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မက်မန်းမြို့တွင် (၂၉)ကြိမ်မြောက် လားဟူစာပေနှင့်ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးပွဲတော် ကျင်းပ
Feb 05,2025
ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့တွင် (၂၉)ကြိမ်မြောက် လားဟူ စာပေနှင့်ရိုးရာယဉ်ကျေးမှုနှစ်သစ်ကူးပွဲတော်နှင့် လက်ဆေးမင်္ဂလာဂါရဝပြုကန်တော့ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကွန်ဟောင်းလားဟူဘုရားကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်စာစစ်ဌာန စာသင်ကျောင်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
Feb 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနစာသင်ကျောင်းများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့နံနက်က လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့သစ်မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြပွဲများဆောင်ရွက်
Feb 05,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိူ့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်၊ စောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ၂၁ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးပန်းမန် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှု
Feb 05,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ မွန်းလွဲပိုင်းက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်ရွက်မည့် ၂၁ ကြိမ်မြောက် မြို့တော် ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးပန်းမန်ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။
ဘိုကလေးမြို့နယ်တွင်  လူငယ်စကားဝိုင်းကျင်းပ
Feb 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ယမန်နေ့နေ့လယ်(၂)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာ၊ “လောကအလင်း” စာကြည့်တိုက်နှင့် လယ်သာကျေးရွာ “သုခချမ်းသာ”စာကြည့်တိုက် အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 05,2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာ “လောကအလင်း” စာကြည့်တိုက်နှင့် လယ်သာကျေးရွာ၊ “သုခချမ်းသာ” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဦးမင်းဦးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာရေးဆရာများ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရာက်ကြသည်။