ကျောက်ဆည်ခရိုင်တွင် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များ တိုက်ဆိုင်စိစစ်
Sep 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည့် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များကို တိုက်ဆိုင်စိစစ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး စက်တင်ဘာ ၂၉ ရက်နေ့နံနက် (၁၀) နာရီက ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များကို ကျောက်ဆည်ခရိုင် ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ဆက်လက်စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။