သတင်းများ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ)နှင့် မြိတ်ခရိုင်၊ မြိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 27,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ)နှင့် မြိတ်ခရိုင်၊ မြိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့လူမှုရေးရာဝန်ကြီး ဦးသက်နိုင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်) အားကစားအဖွဲ့နှင့် အမျိုးသမီးဘောလုံးအားကစားအဖွဲ့အားတွေ့ဆုံ
Sep 27,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင်သည် တိုင်းဒေသကြီး အမျိုး သမီးကိုယ်ကာယကြံ့ခိုင်မှု (အေရိုးဗစ်) အားကစားအဖွဲ့နှင့် အမျိုးသမီးဘောလုံးအားကစားအဖွဲ့အားတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
Sep 27,2025
၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများနှင့်တွေ့ဆုံ
Sep 27,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့ စက်တင်ဘာလမွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ရောက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စိစစ်ခြင်း အခမ်းအနားကျင်းပ
Sep 27,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စိစစ်ခြင်းလုပ်ငန်းညှိနှိုင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
နန်းယွန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်
Sep 27,2025
စစ်ကိုင်းတိုင်းဒသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင်၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဇီးကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှု တောင်ကျရေစီးဝင်မှုကြောင့် နေအိမ်နှင့်ခြံဝန်းများအတွင်း ရေများဝင်ရောက်လျက်ရှိ
Sep 26,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စက်တင်ဘာ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းဘူးချောင်းရေလျှံတက်ခဲ့ပြီး ချောင်းတစ်လျှောက်ရှိ အမှတ်(၁)ရပ်ကွက်တွင် အိမ်ခြေ (၉၈)အိမ်၊ အမှတ်(၂)ရပ်ကွက်တွင် အိမ်ခြေ(၉၁)အိမ်၊ အမှတ်(၃)ရပ်ကွက်တွင် အိမ်ခြေ(၁၄၅)အိမ်၊ သရက်တပင်ကျေးရွာအုပ်စုတွင် အိမ်ခြေ(၁၄၅)အိမ်၏ အိမ်များအတွင်း (၂)ပေခန့် ရေဝင်ရောက်လျက်ရှိပြီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၂၈/ဝ)မိုင်နှင့် (၁၂၈/၂)မိုင်ကြား ကားလမ်းမအပေါ် ရေ(၁)လက်မခန့် ဖြတ်ကျော်လျက်ရှိကြောင်း သိရသည်။