သတင်းများ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)သို့ ကွင်းဆင်းကြည့်ရှု
Sep 26,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာ၊ ရွှေထူးလေး လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ဧက(၂၉၅)ဧကတွင် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးထားရှိသော ဂျပန်ရွှေဝါထွန်းမျိုးစပါး စိုက်ပျိုးထားရှိမှုကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းမောင်နှင့် တာဝန်ရှိသူများသည် ကွင်းဆင်းကြည့်ရှုပြီး မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မိုးစပါးများရိတ်သိမ်းပြီးပါက လာမည့်နွေရာသီတွင် နွေစပါးများ စိုက်ပျိုးချိန်အမီ စိုက်ပျိုးနိုင်ရေးနှင့် အထွက်တိုးမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
လသာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်စာဖတ်ဝိုင်း ကျင်းပ
Sep 26,2025
လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  စာရေးဆရာကျော်၀င်းရေးသားသည့် "နှစ်ဆယ့်တစ်ရာစု သားရွှေဥ" စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။ ‌
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ၏ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေး
Sep 26,2025
မွန်ပြည်နယ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စိန်ရတုခန်းမ၌ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အခြေခံပညာအဆင့် အမျိုးသား၊ အမျိုးသမီးအကဘာသာရပ် လေ့ကျင့်နေမှုများအားလည်းကောင်း၊ တိုင်းရင်းသားရိုးရာအကပြိုင်ပွဲ (ထားဝယ်တိုင်းရင်းသား ယန်းအက) အကတိုက်လေ့ကျင့်နေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း မော်လမြိုင်မြို့နယ်အတွင်းရှိ အားကစားကွင်း၊ အားကစားရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ဝန်ထမ်းများနှင့်တွေ့ဆုံ
Sep 26,2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားဥယျာဉ်စီမံကိန်းတွင် ဆောက်လုပ်လျက်ရှိသော အားကစားရုံနှင့်ဘောလုံးကွင်း၊ အားကစားသမားအိပ်ဆောင်များ၊ စားရိပ်သာနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး အားကစားဥယျာဉ် လုံခြုံရေးကိစ္စရပ်များ၊ အားကစားခန်းမ အချိန်မီပြီးစီးနိုင်ရေးကိစ္စရပ်များ ဆွေးနွေးမှာကြားကာ၊ ကားရပ်နားရန် နေရာနှင့် ရေကူးကန်ဆောက်လုပ်ရန် လျာထားနေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
လက်ပံတန်း၌ သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့ကြက်ညှာကာကွယ်ဆေးများ ထိုးနှံ
Sep 26,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကလေးငယ်များ သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့ကြက်ညှာကာကွယ်ဆေးများထိုးနှံခြင်းကို စက်တင်ဘာ ၂၄ ရက်နေ့နံနက် ၁၀ နာရီက အထက(၃)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ဖြူးမြို့နယ် မြို့ပေါ်ကျောင်းများတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပေး
Sep 26,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မြို့မရဲစခန်းမှ အောက်တိုဘာလ (၁)ရက်နေ့တွင်ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖြူးမြို့ပေါ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များအား ကွမ်း၊ ဆေးလိပ်ကအစ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် Online ငွေကြေးလိမ်လည်မှုအကြောင်း အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ (၂၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က မြို့မ(၂)မူလွန်ကျောင်း၌ အသိပညာပေးဟောပြောခဲ့ကြောင်း  သိရသည်။
ခန္တီးမြို့၌ ကာရာအိုကေ(KTV)ဆိုင်များအား စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိ လိုက်လံစစ်ဆေး
Sep 26,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကာရာအိုကေ(KTV)ဆိုင်များအား စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိကို မြို့နယ်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီက ခန္တီးမြို့ပေါ်ရှိ    ကာရာအိုကေ(KTV)ဆိုင်များ၌ စက်တင်ဘာလ(၂၃)ရက်နေ့နံနက်(၁၀)နာရီအချိန်က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေဘို အ.ထ.က(၁)၌ ခွေးရူးရောဂါကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 26,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ခွေးရူးရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ခွေးရူးရောဂါကာကွယ်တာဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။