သတင်းများ

တောင်ငူမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စု (၂၇၇)အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ငွေများပေးအပ်
Sep 26,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ပူးပေါင်းကာ စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ငလျင်ဘေးသင့်အိမ်ထောင်စု (၂၇၇)အား  ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
မင်းဘူးခရိုင်အတွင်း၌ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ/ယာဉ်/စက်ယန္တရားများဖြင့် အရန်သင့် စုဖွဲ့ထားရှိ
Sep 26,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်စေရန် ခရိုင်နှင့် မြို့နယ်များရှိ မီးသတ်ဦးစီးဌာနရုံးများတွင် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ/ယာဉ်/စက်ယန္တရားများဖြင့် အရန်သင့် စုဖွဲ့ထားရှိကြောင်း မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပရေးဆပ်ကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 26,2025
‎မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပရေးဆပ်ကော်မတီ ပဉ္မမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက မန္တလေးတက္ကသိုလ် URC အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရွှေဘိုမူလတန်းကြို​ကျောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ​ဝေးနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Sep 26,2025
လူမှု့ဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်နေရာချထား​ရေးဝန်ကြီးဌာန၊ ​လူမှုဝန်ထမ်းဦးစီးဌာန​ရွှေဘိုမြို့နယ်မူလတန်းကြို​ကျောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအ​ဝေးနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းအချိန်ကကျင်းပရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်ကြွယ်ကြွယ်ဝင်းက​မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ​ဝေးနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်​ပေးရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ထားဝယ်မြို့၌ ရွေ့လျားစာကြည့်တိုက်ဖြင့် သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေး
Sep 26,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ စက်တင်ဘာ ၂၆ ရက်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်။
မြို့သစ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ၏ စာဖတ်ဝိုင်းကျင်းပ
Sep 26,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ ရက်မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းတုန်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 26,2025
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရာ အ.ထ.က(မင်းတုန်း)မှ Grade-8 ကျောင်းသား၊ ကျောင်းသူ (၂၉)ဦး တက်ရောက်ခဲ့ကြသည်။
ကျောင်းကုန်းမြို့၌ ခွေးရူးရောဂါဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ
Sep 26,2025
(၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့်က အ.ထ.က(၁)ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။