သတင်းများ

စမ်းချောင်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရန် ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများဆောင်ရွက်
May 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် ခြင်ဆေးမှုတ်ခြင်း အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို မေ ၁၃ ရက်နေ့က စမ်းချောင်း (မြောက်) ရပ်ကွက်တွင် ဆောင်ရွက်ကြောင်း သိရသည်။
‎မဟာအောင်မြေမြို့နယ်၌ နိုင်ငံသားစိစစ်​ရေးကတ်များနှင့် UID ကတ်များ နေ့ချင်းပြီးဆောင်ရွက်
May 15,2026
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြေဦးစီးမှူးရုံး ၌ အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်များ၊ UID ကတ်များကို ယနေ့နံနက်ပိုင်းက နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ
May 15,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
မိတ္ထီလာမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့်  ကျေးလက်နေလူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း (ဆပ်ပြာ) သင်တန်းဆင်းပွဲကျင်းပ
May 15,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့်  ကျေးလက်နေလူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း (ဆပ်ပြာ)သင်တန်းဆင်းပွဲကို မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက နတ်ကြီးကုန်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ဆောင်ရွက်
May 15,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများအား မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီကမြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ကဝမြို့နယ် ကြာတောကျေးရွာတွင် နယ်လှည့်အသိပညာပေးခြင်းကွင်းဆင်းဆောင်ရွက်
May 15,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြာတောကျေးရွာ၊ ဖိုးရာဇာစာကြည့်တိုက်တွင် နယ်လှည့် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဒလမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာ၀န်ပေးအပ်ပွဲအခမ်းအနားကျင်းပ
May 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာ၀န်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ကျောက်ကြီးမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများဖြန့်ဝေပေးအပ်
May 15,2026
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အခြေခံပညာအထက်တန်းကျောင်း အင်ကြင်းဆောင်ခန်းမတွင် ပညာရေးဝန်ကြီးဌာနမှ "အခမဲ့" ဖြန့်ဝေသည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏စီမံမှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။