သတင်းများ

သနပ်ပင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုလျာထားချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ
May 15,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုလျာထားချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။
သနပ်ပင်မြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းဖွင့်
May 15,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ KG၊ Grade-1 နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အ.ထ.က (သနပ်ပင်) ကျောင်း၊ ဇီဇဝါခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပ
May 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
May 15,2026
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုံခြုုံရေးအခြေအနေအရ ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအနက် ပြည်လည်ဖွင့်လှစ်၍ရသည့် ကျောင်းများကို ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းအပ်လက်ခံပြီး ပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ကုန်းသာကျေးရွာနှင့် ထီးသူးကူးကျေးရွာ စာသင်ကျောင်းများတွင် ကျောင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မီးဘေးနှင့်သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြော
May 15,2026
ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းသူ/ ကျောင်းသားလူငယ်များကို မီးဘေးနှင့် သဘာဝဘေးအန္တရာယ် သိရှိစေရန်ရည်ရွယ်၍ မီးဘေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းကို ယ‌မန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့သည်။
လက်ပံတန်းမြို့နယ်၌ အခြေခံ‌မွေးမြူရေးပညာပေး သင်တန်းဖွင့်လှစ်
May 15,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အခြေခံ‌မွေးမြူရေးပညာပေး သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကြို့ပင်စခန်း​ကျေးရွာအုပ်စု၊ ကညင်တန်းကျေးရွာ ​မေတ္တာ​ရေစင်ပရဟိတအသင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်တွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
May 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က နွေရာသီအခြေခံပန်းချီရေးဆွဲ နည်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများအား မျိုးစပါးနှင့် ဓါတ်မြေဩဇာပေးအပ်ပွဲကျင်းပ
May 15,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်သမဝါယမဦးစီးဌာနက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နိုင်ငံတော်၏ ရက် (၁၀၀) စီမံချက်အရ သန်လျင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား မျိုးစပါးနှင့် သဘာဝဓါတ်မြေဩဇာပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီတွင် သန်လျင်မြို့နယ် သမဝါယမအသင်းစုလီမီတက်ခန်းမ၌ ကျင်းပသည်။