သတင်းများ

မိုင်းဖြတ်မြို့နယ်၌ (World Rabies Day)အထိမ်းအမှတ် လှုပ်ရှားမှု ဆောင်ရွက်
Sep 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (World Rabies Day)နေ့ လှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟိုနားကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ချောင်းခြားကျေးရွာနှင့် ချောင်းကျိုးကျေးရွာတို့ရှိ ခမရဝါစိုက်ခင်းအား ကွင်းဆင်းစစ်ဆေး
Sep 29,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ငခူအိုင်ကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာနှင့် ဂွေးပင်ခုန်ကျေးရွာအုပ်စု၊ ချောင်းကျိုးကျေးရွာတို့ရှိ ခမရဝါ KK3 ကြဲခင်များအား စက်တင်ဘာလ(၂၄)ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့အတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌နှင့် လမ်းသားတိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်
Sep 29,2025
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်(၂၄၂.၁၈)သန်းဖြင့် ကေ့ာကရိတ်မြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်း လမ်းသားတိုးချဲ့ခြင်း၊ စက်ကြီးလမ်းနှင့် ဘုရင့်နောင်လမ်းကွန်ကရစ်လမ်းခင်းခြင်း၊ အမှတ်(၆)ရပ်ကွက်၊ ကျောင်းလမ်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းတို့ကို စက်တင်ဘာလမှစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၉ ရက်နေ့တွင် ဗိုလ်ချုပ်လမ်းနှင့်စက်ကြီးလမ်းတို့ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောက်ဖြူမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
Sep 29,2025
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၆ ရက်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြင်းခြံမြို့၌ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Sep 29,2025
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
မင်းလှမြို့၌ မြစ်မခသဘာဝ‌ရေပြင်အတွင်း ငါးမျိုးကောင်ရေ(၁၃၀၀၀၀)‌ စိုက်ထည့်
Sep 29,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးထုတ်လုပ်မှုတိုးတက်စေရန်၊ ငါးသယံဇာတများ‌ ပေါကြွယ်ဝစေရန်နှင့် ငါးရိက္ခာဖူလုံ‌စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ထန်းပင်ကုန်းကျေးရွာအုပ်စု၊ မြစ်မခမြစ်သဘာဝ‌ရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း ပြုလုပ်ခဲ့သည်။
လိပ်သိုမြို့တွင် ဒေသထွက် ရွှေဖရုံသီးများ အရွယ်အစားပေါ်မူတည်၍ ဈေးကောင်းရရှိ
Sep 29,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစုစားဝတ်နေရေးအတွက် တောင်ယာများနှင့် အိမ်ခြံဝင်းများအတွင်း ရွှေဖရုံပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် အပိုဝင်ငွေရရှိစေရန် ဆွတ်ခူးရောင်းချလျက်ရှိနေကြောင်း သိရသည်။
မန္တလေး၊ အင်းဝကိုယ်ပိုင်အထက်တန်းကျောင်းက (၁၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူ
Sep 29,2025
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀)ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့ကဦးစီး၍ မန္တလေး၊ အင်းဝကိုယ်ပိုင်အထက်တန်းကျောင်းက (၁၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို စက်တင်ဘာ၂၉ ရက်နေ့ နံနက် ၆ နာရီက ကုသိုလ်ပြုလောင်းလှူကြသည်။