မြဝတီမြို့နယ်ကိုယ်စားပြု လူရည်ချွန်ကျောင်းသား၊ကျောင်းသူ (၅) ဦးတို့အား ကြိုဆို ဂုဏ်ပြု
May 13,2026
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ကရင်ပြည်နယ်မှ ဝင်ရောက်ယှဥ်ပြိုင်ကြသည့် လူရည်ချွန်မောင်မယ် (၁၃)ဦးအနက် လူရည်ချွန် ရွေးချယ်ခံရသည့် မြဝတီမြို့ကိုယ်စားပြု နှစ်ထပ် ကွမ်းလူရည်ချွန် ကျောင်းသား (၂) ဦး၊ လူရည်ချွန် ကျောင်းသား/ကျောင်းသူ (၃)ဦး စုစုပေါင်း (၅)တို့အား ယမန်နေ့ နေ့လယ် (၁:၀၀)နာရီတွင် အမှတ် (၄) ရပ်ကွက်၊ အာရှလမ်းမကြီးရှိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးရုံးရှေ့၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။