သတင်းများ

အောင်လံမြို့၌ စပါးမျိုးစေ့ချစက်ဖြင့် စပါးပျိုးထောင်ခြင်း သရုပ်ပြပွဲ ကျင်းပ
Sep 28,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စပါးမျိုးစေ့ချစက်ဖြင့် စပါးပျိုးထောင်ခြင်း သရုပ်ပြပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက အမှတ်(၁၀)စက်မှုလယ်ယာစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒီဂျစ်တယ်နည်းပညာအသုံးပြု ဈေးကွက်ရှာဖွေအသုံးချသင်တန်း အမှတ်စဉ် (၂) ဖွင့်လှစ်
Sep 28,2025
နေပြည်တော် MSME Association မှဖွင့်လှစ်သည့် ဒီဂျစ်တယ်နည်းပညာ အသုံးပြုဈေးကွက် ရှာဖွေအသုံးချသင်တန်းအမှတ်စဉ်(၂)ကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ သပြေကုန်းရှိ MSME Association အသင်း ရုံးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့၌ သစ်ပင်(၂၄၃၀) စိုက်ပျိုးပြီးစီးမှု မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူ
Sep 28,2025
ဒေသတွင်း စိမ်းလန်းသာယာစိုပြည်၍ သာယာလှပစေရန်နှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်စေရန်အတွက် ကျုံပျော်မြို့ သုံးမိုင်ပတ်လည်အတွင်း သစ်ပင် (၂၄၃၀)ပင် စိုက်ပျိုးပြီးစီးမှု မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ အင်းရဲလမ်းဆုံနှင့် ရေကြည် - ကျုံပျော် ကားလမ်းနံဘေး မြို့အဝင်ဆိုင်းဘုတ်အနီးတို့တွင် ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့သည်။
ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT)ထိုးနှံ
Sep 28,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဆုံဆို့၊ မေးခိုင်(DT)ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သထုံမြို့လုံးဆိုင်ရာ ပရိယတ္တိဓမ္မပူဇာ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မလှူဖွယ်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Sep 28,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများစုပေါင်း၍ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများ၌ သီတင်းသုံးနေထိုင်ကြသော ပရိယတ္တိဝန်ဆောင် သံဃာတော်အရှင်မြတ်တို့ထံ ပရိယတ္တိဓမ္မပူဇာ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မလှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခွန်ပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။
ကြံခင်းမြို့၌ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ ၂၆ ရက်နေ့မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ခင်တန်းကြီးကျန်းမာရေးဌာနမှ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းများ ဆောင်ရွက်
Sep 28,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ခင်တန်းကြီးကျန်းမာရေးဌာနမှ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျီးမနိုးကျေးရွာ အ.လ.ကနှင့် သပြေလှကျေးရွာ မူလတန်းလွန်ကျောင်းများတွင် ထိုးနှံ​ပေးခဲ့ကြောင်း သိရသည်။