သတင်းများ

ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ မဲစာရင်း၊ ဗီနိုင်းနှင့် ဆက်စပ်ပစ္စည်းများထုတ်ပေး
Sep 28,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းက မဲစာရင်း၊ ဗီနိုင်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးတွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည့် ပြည်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်
Sep 28,2025
စစ်ကိုင်းခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှု ၆ လပြည့်အထိမ်းအမှတ်အဖြစ် ငလျင်ဘေးကယ်ဆယ်ရေးတွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည့် ပြည်သူများအား ယနေ့နံနက်ပိုင်းက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြို့လုံးကျွတ်ဝါတွင်းကာလအရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲကျင်းပ
Sep 28,2025
ဗုဒ္ဓသာသနာတော် ထာဝစဉ်အဓွန့်ရှည်တည်တံ့စေရန်နှင့် ဝါတွင်းကာလအတွင်း သံဃာတော်အရှင်သူမြတ်များ ဆွမ်းကွမ်းကိစ္စများအဆင်ပြေစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး မြို့လုံးကျွတ်ဝါတွင်းကာလဒွါဒသမတန်းအပတ်အရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲကို ယနေ့နံနက် ၅ နာရီအချိန်တွင် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ၊ သာသနာလင်္ကာရ ကမ္ဗောဇသာသနာ့ဗိမ္မာန်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အိမ်မဲမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများအား ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းခြင်းအခမ်းအနား ကျင်းပ
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲများအား ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Sep 28,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံ၍ ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာနိုင်ရေး အစည်းအဝေး ပြုလုပ်
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံ၍ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာနိုင်ရေး အစည်းအဝေး ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲနှင့် တောင်သူပညာပေးဆွေးနွေးပွဲ တက်ရောက်
Sep 28,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် စက်တင်ဘာလ ၂၆ ရက်နေ့က တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာ ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တောင်သူများတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။
ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် နှလုံးအထူးကုဆရာဝန်ကြီးများမှ နှလုံးရောဂါဝေဒနာရှင်များအား အခမဲ့ဆေးဝါးကုသ
Sep 28,2025
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးရောဂါအထူးကုဌာနမှ ၂၀၂၅ ခုနှစ်၊ (၂၅)နှစ်မြောက်ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်း အမှတ်အဖြစ် ပြည်သူများနှင့်ကျန်းမာရေးဝန်ထမ်းများအား နှလုံးရောဂါနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံ ကြီး၌ နှလုံးရောဂါဝေဒနာရှင်များအား အခမဲ့ဆေးဝါးကုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။