သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်၊ နေပြည်တော်၊ ချောင်းသာအပန်းဖြေစခန်းအသီးသီးမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆို
May 12,2026
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၏ ထူးချွန်ထက်မြတ်သည့် မွန်ပြည်နယ်မှ လူရည်ချွန်မောင်မယ် ကျောင်းသား / သူများသည် ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်၊ နေပြည်တော်၊ ချောင်းသာအပန်းဖြေစခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ယမန်နေ့ညနေပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ / မများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား / သူများ၊ မိဘအုပ်ထိန်းသူများက ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
မှော်ဘီမြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူ လူငယ်များနှင့်စာဖတ်ဝိုင်း ကျင်းပ
May 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူ Book Clup အသင်းဝင်လူငယ်များနှင့် စာရေးဆရာကောင်းသာ မြန်မာပြန်ဆိုသော "အောင်နိုင်သူအလား တွေးခေါ်စဉ်းစား "စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဇမ္ဗူသီရိမြို့နယ်၌ ဈေးသီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ တက်ရောက်
May 12,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းတွင် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ဈေးသီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်း ဟာပွတ်ကျေးရွာ၌ ဖွင့်လှစ်
May 12,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခိုယောင်းကျေးရွာအုပ်စု ဟာပွတ်ကျေးရွာ၌ ကျင်းပသည်။
ထားဝယ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး  
May 12,2026
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်၌ ပူပြင်းခြောက်သွေ့သော နွေရာသီကာလတွင် မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်နှင့် စည်းစိမ်များပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ခရိုင်မီးသတ်ဦးစီးဌာနဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများသို့ ယနေ့နံနက်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
မိုင်းရယ်မြိုနယ်ရုံးတွင် ရက်(၁၀၀)စီမံချက်ဖြင့် နားခိုကျေးရွာအုပ်စုရှိပြည်သူများအား အိမ်ထောင်စုလူဦးရစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
May 12,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အစိုးသစ် ရက် (၁၀၀) စီမံချက်ဖြင့် နားခိုကျေးရွာအုပ်စုရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းမှစ၍ အဆိုပါ မြိုနယ်ရုံးတွင် ဆောင်ရွက်ပေးသည်။
လောင်းလုံးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
May 12,2026
‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်ဦးဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ ယနေ့နံနက် ၁၀နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
ဂန့်ဂေါမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့များနှင့် စာရေးဝန်ထမ်းများအား အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်သင်တန်းပို့ချ
May 12,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့များနှင့် စာရေးဝန်ထမ်းများအား အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်သင်တန်းပို့ချခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။