သတင်းများ

တောင်တွင်းကြီးမြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုသိုလ်ပြုလုပ်ငန်းများ ဆောင်ရွက်
May 04,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကုသိုလ်ပြုလုပ်ငန်းများအဖြစ် ဘုရားရေသပ္ပါယ်ခြင်းနှင့် ရင်ပြင်တော်သန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့ညနေ(၄)နာရီအချိန်က တောင်တွင်းကြီးမြို့ တောင်ပြင်(၂)ရပ်ကွက်ရှိ ရွှေမော်ဓောပရိယတ္တိစာသင်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်သည့် ရွှေမော်ဓောစေတီတော် ဘုရားပရိဝုဏ်အတွင်း၌ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲ ပြုလုပ်
May 04,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ဟုမ္မလင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေ ၄ ရက်နေ့မွန်းတည့်(၁၂)နာရီအချိန်က ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် မွေးကင်းစမှအသက်(၁)နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
May 04,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့်ကျေးရွာများရှိ မွေးကင်းစမှအသက်(၁)ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက် (၉) နာရီက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
(၈၀)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
May 04,2026
ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်တွင် မေလ ၄ ရက်နေ့နံနက်ပိုင်းက (၈၀)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပဲခူးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနမှ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၌ ဘောလုံးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
May 04,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌  အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ Pilot ProJect အစီအစဉ်ဖြင့် Football For School Program အရဖွင့်လှစ်သည့် ဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁) ရပ်ကွက် မြသီတာအားကစားကွင်းတွင် ကျင်းပခဲ့သည်။
ရက် (၁၀၀) စီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ အလုံမြို့နယ်၌ ကွင်းဆင်းဆောင်ရွက်
May 04,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် ၊ အလုံမြို့နယ်၌  ရက်(၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ   နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စောရန်ပိုင်အနောက်ရပ်ကွက်၊   အ.မ.က(၁၁) အခြေခံပညာ မူလတန်းကျောင်းတွင်  မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအဆင့် တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် စာ‌မေးပွဲကျင်းပ
May 04,2026
ပဲခူးတိုင်းဒေသကြီးအဆင့် တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် စာ‌မေးပွဲကို ယမန်နေ့က ပဲခူးမြို့ ကျိုက်ပွန်ဇေတဝန်ကျောင်း၊ ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရေကြည်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနသည် ပြည်သူလူထုအတွင်း ရက် (၁၀၀) စီမံချက်ဖြင့်ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေး
May 04,2026
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနသည် ပြည်သူလူထုအတွင်း ရက် (၁၀၀) စီမံချက်ဖြင့်ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက နွားရေတိုက်ကျေးရွာအုပ်စု၊ နွားရေတိုက်ကျေးရွာ ရတနာသုခဘုန်း​တော်ကြီး ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။