သတင်းများ

ညောင်ဦးမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်
May 03,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ် ထုတ်ပေးခြင်းလုပ်ငန်းများကို မေ ၃ ရက်၊ နံနက် ၉ နာရီခွဲအချိန်က မြေနဲလေးကျေးရွာအုပ်စု၊ မြေနဲလေးကျေးရွာတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးရာ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးမြင့်ခိုင်၊ မြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏတို့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ ပါဝင်သောအဖွဲ့က ရပ်ကွက်/ကျေးရွာအတွင်းရှိ အသက်(၁၀)နှစ်အထက် ရပ်ကွက်နေပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့၌ နှစ်(၈၀)ပြည့် မြန်မာနိူင်ငံမီးသတ်တပ်ဖွဲ့‌နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကျင်းပ
May 03,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကုတင် (၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် နှစ်(၈၀)ပြည့် မြန်မာနိူင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သက်ကြီးဘိုးဘွားများအား အာဟာရဒါနကျွေးမွေး
May 03,2026
၂၀၂၆ခုနှစ်၊ မေလ ၅ ရက်နေ့တွင်ကျရောက်မည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၁၁ နာရီအချိန်က သက်ကြီးဘိုးဘွားများအား အာဟာရဒါန ကျွေးမွေးကြသည်။
ထားဝယ်မြို့၌ သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုပူဇော်ပွဲကျင်းပ
May 03,2026
တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုပူဇော်ပွဲ (တိုင်းဒေသကြီးအဆင့်) ကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာ၊ ဓမ္မဝိသာလပရိယတ္တိစာသင်ဆောင်၌ ကျင်းပသည်။
လှိုင်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
May 03,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်း‌ဆောင်ရွက်‌ပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်၌ တစ်နိုင်တစ်ပိုင် ရုံးပတေသီးစိုက်တောင်သူများ မိသားစုအပိုဝင်ငွေရရှိ
May 03,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဒေသခံတောင်သူများက မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတေသီးနှံအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာအချိူ့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီး
May 03,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တို့တွင် ယမန်နေ့ နေ့လယ် (၁၁)နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ ပြည်နယ်အဆင့် အရည်အချင်းစစ်စာမေးပွဲကျင်းပ
May 03,2026
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)မှကြီးမှူး၍ ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ၏ မွန်ပြည်နယ်အဆင့် အရည်အချင်းစစ်စာမေးပွဲကို ယမန်နေ့နံနက်က သထုံမြို့၊ ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။