သတင်းများ

လိပ်သိုမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး
May 04,2026
ဒေသနေပြည်သူများ နွေရာသီကာလ မီးကိုပေါ့ပေါ့ဆဆ အသုံးမပြုမိစေရန်၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး သတိပြုဆင်ခြင်နိုင်ကြစေရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးရှေ့နံရံကပ်ပြဘုတ်၌ ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
May 04,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ယမန်နေ့နံနက် ၉ နာရီက လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို အမှတ် (၄) ရပ်ကွက်ရှိ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ်၌ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရားစေတီများရေသပ္ပာယ် ပူဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်
May 04,2026
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မလှိုင်မြို့ အမှတ် (၂) ရပ်ကွက်ရှိ သမိုင်းဝင်ရွှေမုဌော စေတီတော်မြတ်ကြီးဝန်းအတွင်းရှိ ဘုရားစေတီများအား ရေသပ္ပာယ်ပူဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို မေလ ၃ ရက် နံနက် ၉ နာရီက အဆိုပါစေတီရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဥ် (၁၂)ဖွင့်လှစ်
May 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဥ် (၁၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်  ၉ နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လပွတ္တာမြို့တွင်ဆောက်လုပ်ရေး၊ လျှပ်စစ်၊ ဂဟေ၊ လက်ကိုင်ဖုန်းနှင့်မော်တော်ယာဥ် စက်ပြင်သင်တန်းများဖွင့်လှစ်
May 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှု လက်မှုပညာသင်တန်းကျောင်း၌ ဆောက်လုပ်ရေးသင်တန်းအမှတ်စဥ် (၁၄)၊လျှပ်စစ်သင် တန်းအမှတ်စဥ် (၂၁)၊ ဂဟေသင်တန်းအမှတ်စဥ်(၂၁)မော်တော် ယာဥ်စက်ပြင်သင် တန်းအမှတ်စဥ် (၁၆) နှင့်လက်ကိုင်ဖုန်းပြင်သင်တန်း(၁၈)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀း၁၀ နာရီအချိန်ကအဆိုပါသင်တန်းကျောင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
နာဂဒေသလေရှီးမြို့၌ ယဉ်ကျေးလိမ္မာနှင့် ပရိတ်၊ ပဋ္ဌာန်း၊ ဓမ္မစက်ြာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
May 03,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ ထေရဝါဒ ဗုဒ္ဓသာသနာပြုဌာန၊ ဓမ္မာရုံ၌ ယနေ့မွန်းလွဲ (၃) နာရီအချိန်က လေရှီးမြို့ ဗဟိုသာသနာပြု ခေါင်းဆောင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သုဒဿန အမှူးပြု၍ ဗဟိုသာသနာပြုလက်ထောက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂဓဇ၏ ဦးဆောင်မှုဖြင့်ဖွင့်လှစ်သင်ကြားခဲ့သော ယဉ်ကျေးလိမ္မာနှင့်ပရိတ်၊ ပဋ္ဌာန်း၊ ဓမ္မစက်ြာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ် အခမ်းအနားတက်ရောက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 03,2026
ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်မိသားစုများ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး
May 03,2026
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့တွင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင် ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်မိသားစုများ စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် ဇီဝိတဒါနငါးလွှတ်ခြင်း၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တိုင်းပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုသွေးလှူဒါန်းခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။