သတင်းများ

အုတ်တွင်းမြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူ
May 03,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ၂၀၂၆ ခုနှစ်၊မေလ( ၅) ရက်နေ့တွင် ကျရောက်မည့်နှစ် (၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ဘုန်းတော်တိုး၊ ဘုန်းတော်ပွင့်၊ ဘုန်းတော်တင့်၊ ဘုန်းတော်မြင့် ဘုရားအနီး မီးပွိုင့်လမ်းဆုံ တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကျောက်မဲမြို့နယ်အတွင်း ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 03,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အစိုးရသစ်၏ ရက်(၁၀၀)လမင်းစီမံချက်အရ ဒေသခံပြည်သူများ နိုင်ငံသားအခွင့်အရေး ရရှိစေရန်အတွက် အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းနှင့် Biometric UID ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကော့ကရိတ်မြို့ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး
May 03,2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သည် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလအတွင်း၌ လက်နက်ကိုင်သောင်းကြမ်း သူများအဖွဲ့မှ မြို့အတွင်းသို့ဝင်နေထိုင်ပြီး သာသနိကအဆောက်အဦများ၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ဌာနဆိုင်ရာနိုင်ငံ့ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စစ်ဘေးလွတ်ရာနေရာဒသများသို့ သွားရောက်နေထိုင်ခဲ့ရကြောင်း သိရသည်။
ပြင်စလူမြို့၌ မင်္ဂလာသိဒ္ဓိ ကိုးနဝင်းစေတီတော် အသစ်ပြန်လည်တည်ထားကိုးကွယ်ခြင်းနှင့် ထီးတော်တင်လှူပူဇော်
May 03,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၂၀၀၈ ခုနှစ်၊ မေလ (၂) ရက်နေ့က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် မင်္ဂလာသိဒ္ဓိ ကိုးနဝင်းစေတီတော်အား အသစ်ပြန်လည်တည်ထားခြင်းနှင့် ထီးတော်သစ် တင်လှူပူဇော်ပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားမွေးမြူသူများအား အသိပညာပေးခြင်းနှင့် နွားများအား ကာကွယ်ဆေးထိုးနှံပေး
May 03,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာများသို့သွားရောက်၍ နွားမွေးမြူသည့် တောင်သူများအား အသိပညာပေးဟောပြောခြင်း၊ ဒေသနွားနှင့် နို့စားနွားများအား ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ မေလ ၁ ရက် နှင့် ၂ ရက်နေ့နတို့တွင် နွားလျှာရိုးကျေးရွာ အုပ်စုနှင့် နွားကူးလေးကျေးရွာအုပ်စုတို့တွင် ထိုးနှံပေးပြီးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ပိဋကသုံးပုံစာအုပ်လှူဒါန်းမှု အလှူမင်္ဂလာအခမ်းအနားကျင်းပ
May 03,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (မိုင်းဟန်)ကျောင်း၌ ယမန်နေ့က ပိဋကသုံးပုံစာအုပ်လှူဒါန်းမှု အလှူမင်္ဂလာအခမ်းအနား ကျင်းပသည်။
လယ်ဝေးမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ကျွဲနွားများအား တိရစ္ဆာန်ရောဂါကာကွယ်ဆေး  ထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်
May 03,2026
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီဌာနအနေဖြင့် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အသားကဏ္ဍစားသုံးမှု ဖူလုံစေရေးအတွက်ဆောင်ရွက်လျက်ရှိရာ မွေးမြူရေးကဏ္ဍတိုးတက်လာစေရန် ရက် ၁၀၀ စီမံချက်အနေဖြင့် ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အတွင်း လုပ်ငန်းစဉ်(၅) ရပ်အား အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိ‌ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပေါက်သစ်ကျေးရွာ၌ ရွာလယ်လမ်း ကွန်ကရစ်လမ်းခင်းရန်အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ
May 03,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်တောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို၊ မေ ၂ ရက်နေ့ နံနက် ၉ နာရီခွဲက ရွာလုကျေးရွာအုပ်စု ပေါက်သစ်ကျေးရွာ ဒေသခံပြည်သူတစ်ဦး၏ နေအိမ်တွင် ပြုလုပ်ခဲ့သည်။