ဓနုဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ်(၁၀၈)ခြေမြန်တပ်ရင်းတွင် ၂၀၂၁-ခုနစ်၊ ယနေ့ နံနက် ၁၁ နာရီက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးအောင်မြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်မောင်ဝင်းမှ အမှာစကားပြောကြားခဲ့သည်။

ထားဝယ်မြို့အတွင်း ရေပေးဝေရေးလုပ်ငန်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း ရေပေးဝေရေးလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။

မန့်ဟီးရိုးမြို့၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် “ရုံးသုံး မြန်မာစာရေးသားနည်း” စာအုပ်ဖြင့် စာအုပ်မိတ်ဆက်ခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြည်သူများအား အသိပညာတိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းကို ဆောင်ရွက်ခဲ့သည်။

ကလိန်အောင်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ယနေ့နံနက် (၉:၀၀)နာရီမှ စတင်၍ ကျောင်းအပ်လက်ခံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီ အချိန်မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာနှင့် လမ်းညွှန်စာအုပ်များ ထုတ်ပေးလျက်ရှိ

 ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများအား တက္ကသိုလ်ဝင်လမ်းညွှန်နှင့် အမှတ်စာရင်းများကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)၊အထက(၅)  အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများတွင် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ဘုန်း​တော်ကြီးသင်ပညာ​ရေး​ကျောင်းများတွင် ​ကျောင်းအပ်နှံ

ရန်ကုန်​မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အထက်တန်း​ကျောင်းနှင့် အထက်တန်း​ကျောင်းခွဲ(၁၂)​ကျောင်း၊ အလယ်တန်း​ကျောင်းနှင့် အလယ်တန်း​ကျောင်းခွဲ (၁၃)​ကျောင်း၊ မူလတန်း​ကျောင်းနှင့် မူလွန်​​ကျောင်း(၂၇)​ကျောင်း၊ ဘုန်း​တော်ကြီးသင် ပညာ​ရေး​ကျောင်း(၂၂)​ကျောင်း စုစု​ပေါင်း(၇၄)​ကျောင်းတွင် ယနေ့နံနက် ၉:၀၀နာရီအချိန်မှစ၍ ​ကျောင်းသူ/​ကျောင်းသားများ ​ကျောင်းလာ​ရောက် အပ်နှံလျက်ရှိ​​​ကြသည်။

လသာမြို့နယ်အခြေခံပညာကျောင်းများတွင်ကျောင်းအပ်နှံမှုစတင်လက်ခံ

ပညာရေးဝန်ကြီးဌာန၏၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်း ကျောင်း များကို ၂၀၂၁ခုနှစ်ဇွန်လ(၁)ရက်နေ့မှစ၍ ပုံမှန်စာသင်နှစ်အတိုင်းဖွင့်လှစ်မည်ဖြစ်ရာ လသာမြို့နယ်  အတွင်းရှိ အခြေခံ ပညာကျောင်းများကိုယနေ့နံနက်( ၉း၀၀ နာရီ  )အချိန်မှစ၍ ကျောင်းအပ်နှံမှုများကို စတင် လက်ခံ နေပြီဖြစ်ကြောင်းသိရသည်၊၊  

လင်းခေးမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်−၁၉ စည်းကမ်းချက်နှင့်အညီ ကျောင်းအပ်နှံမှု စတင်လက်ခံ

 ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်သွားနိုင်ရေး အခြေခံပညာမူလတန်းမှအထက်တန်းအထိ ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံခြင်းကို မြို့နယ်အတွင်းရှိကျောင်းအသီးသီးမှ ယနေ့ နံနက် ၉နာရီက စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင် အခြေခံကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်လက်ခံ

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်‌ အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် မေလ ၂၄ ရက်နေ့မှ ၃၁ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အတွင်း ကျောင်းအပ် လက်ခံလျက် ရှိကြောင်းသိရသည်။
Subscribe to