သဘာဝအင်ဥ(မှိုစေ့) ရှာဖွေရောင်းချသူများ ယခင်နှစ်ထက် စျေးကောင်းရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့သို့မှ ထွက်ရှိသော အင်ဥ (မှိုစေ့) များ ကောလင်းမြို့ စျေးကွက်သို့ စတင်ဝင်ရောက်လျက်ရှိပြီး သဘာဝအင်ဥ(မှိုစေ့) ရှာဖွေ ရောင်းချသူများ ယခင်နှစ်ထက် စျေးကောင်း ရ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။