ခင်ဦးမြို့နယ်၌ ကျေးရွာ (၄) ရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း (၁၀၀) စီဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ကျေးရွာ (၄) ရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေကျပ် သိန်း (၁၀၀) စီဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရသည်။

သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ သူများအား ကျောင်းအပ်နှံခြင်း စတင် လက်ခံ

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများအား ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံ ပညာ ကျောင်းများတွင် စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့ မိုးစပါးစိုက်တောင်သူများ လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်းများစတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ မိုးစပါးများ စိုက်ပျိုး ရန်အတွက် လယ်ယာမြေပြုပြင်ခြင်းများကို မေလ ဒုတိယပတ်အတွင်းမှစတင်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

“ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုတဲ့ ဆောင်ပုဒ် နှင့်အညီ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက်  ကျောင်းအပ်နှံရေးလုပ်ငန်းများကို  မွန်ပြည်နယ်၊  ရေးမြို့နယ်၊    ခေါဇာမြို့ အခြေခံပညာ အထက်တန်း ကျောင်းတွင်    ယနေ့ နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံရေး လုပ်ငန်းများ စတင ်ဆောင်ရွက်ကြောင်း သိရသည်။

မြို့နယ်ပေါင်းစုံ ကရာတေးဒိုသရုပ်ပြပြိုင်ပွဲနှင့် မြန်မာ့သိုင်းစွမ်းရည်ပြပြိုင်ပွဲတို့တွင်  ဝင်ရောက် ယှဉ်ပြိုင်ကြမည့်  အားကစားသမားများ အထူးလေ့ကျင့်လျက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဓညဝတီအားကစားရုံ၌ ကျင်းပပြုလုပ်မည့် မြို့နယ်ပေါင်းစုံ  ကရာတေး ဒိုသရုပ်ပြပြိုင်ပွဲနှင့် မြန်မာ့သိုင်းစွမ်းရည်ပြပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောက်ဖြူမြို့ နယ်မှ အားကစားသမားများမှာ  မြို့မအားကစားကွင်းရှိ မိုးလုံလေလုံခန်းမတွင် အထူးလေ့ကျင့် လျက်ရှိကြောင်း သိရသည်။

ကံမမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး စတင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း  အထက်တန်းကျောင်းများ၌ ယနေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်နှံခြင်းများကို    လက်ခံဆောင်ရွက် ပေးလျက်ရှိရာ     ကျောင်းသားမိဘများမှ ကျောင်းသား၊ ကျောင်းသူများအား လာရောက် ကျောင်းအပ်နှံလျက်ရှိကြသည်။

ထန်းတပင်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက်ပေးအပ်

မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့် အညီ အိမ် ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုးထုတ်ပေးရေး ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်ပေးခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် မေလ (၃)ရက်နေ့မှစတင်၍ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး မေလ(၂၃)ရက်နေ့၊ နေ့လယ်ပိုင်းက ကလိန်ကျေးရွာ အုပ်ချုပ် ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာ နေပြည်သူ များလက်ဝယ် အရောက် တာဝန် ရှိသူများ က ပေးအပ်ခဲ့ကြကြောင်းသိရသည်။

သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ) ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသူများ၏ ရင်တွင်းစကားသံများ

ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ) ပြည်သူ့ဆေးရုံကြီးတွင် အထူးကုပြင်ပလူနာဌာနအပါအဝင် အခြားသော သက်ဆိုင်ရာ ဆေးကုသမှုဌာနများ ပြန်လည်ဖွင့်လှစ်ကာ ပြင်ပလူနာ၊ အတွင်း လူနာများအား ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေး လျက်ရှိသည်။
Subscribe to