လုံးဖိုး-နောင်စကာ ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုနှင့် တဘက်ကျေးရွာစုအတွင်းရှိ မိုးရာသီတွင် သွားလာရန်ခက်ခဲသော လုံးဖိုး-နောင်စကာ ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ မွန်းလွဲပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်အဆင့်အရည်အသွေးစစ်ဆေးရေးကော်မတီဝင်များတို့က လုပ်ငန်းအရည် အသွေးကောင်းမွန်စေရေးနှင့် သတ်မှတ်ကာလ ပြီးစီးရေးတို့အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် ကျေးရွာချင်းဆက် ရွှေတဂူသစ်သားတံတားကြီး ပြန်လည်ပြုပြင်နိုင်ရန် ကွင်းဆင်းတိုင်းတာစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စုအတွင်းရှိ နောင်စကာကျေးရွာနှင့် ရွှေတဂူဘုရားအကြား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းပေါ်ရှိ နမ့်တဘက်ချောင်းမကြီးအား ဖြတ်ကျော်တည်ဆောက်ထားသော ရွှေတဂူသစ်သားတံတားကြီးသည် နှစ်ပေါင်းအားဖြင့် ၅၀ ကျော်ခန့် သက်တမ်းရှိပြီဖြစ်၍ ပြန်လည်ပြုပြင်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများလိုက်ပါ၍ ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်‌ရေး မီးသတ်ဆေးဗူးများ လှူဒါန်းခြင်း၊ မီးငြိမ်းသတ်နိုင်ရေး လက်‌တွေ့သရုပ်ပြ

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်မြို့နယ် lCRC အဖွဲ့တို့ပူးပေါင်း၍ မြတောင်တိုက်ပွဲ‌ရှောင်ကယ် ဆယ်ရေး‌စခန်းသို့ မိုးကာအစ၊ချည်ကြိုး၊ဓနိ၊ဝါး၊ မီးသတ်ဆေးဘူးများ‌လှူဒါန်းခြင်းကို ယနေ့နံနက် ၉:၃၀ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆီထွက်သီးနှံ နှမ်းမျိုးစေ့ထုတ်စိုက်ခင်းဖြစ်သည့် စမုံနှမ်းနက်မျိုးနွေနှမ်းအား စုပေါင်းရိတ်သိမ်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရဲသာကျေးရွာအုပ်စု၊ နောင်ခလှိုင်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဘားအံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးအပြီး မြေလွတ်မြေလပ်မထားဘဲအပိုငွေရရှိအောင် နောက်တစ်သီးစားအနေနဲ့ စိုက်ပျိုးနိုင်ရန်အတွက် ရည်ရွယ်ကာ နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားစနစ်ဖြင့် ရေဖြန့်ဝေမှုဧရိယာ နွေနှမ်း (ဆီထွက်သီးနှံ နှမ်းမျိုးစေ့ထုတ်စိုက်ခင်း) တွင် ကျေးရွာနေ တောင်သူများစုပေါင်းရိတ်သိမ်းခြင်းကို ယမန်နေ့က ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများအား မေလ(၂၄)ရက်နေ့မှ စတင်ပြီး ကျောင်းအပ် လက်ခံပေးသွားမည်

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၁ - ၂၀၂၂ ပညာသင် နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံ သင်တန်းဆင်းပွဲပြုလုပ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများလုပ်ငန်းမွမ်းမံ သင်တန်း ဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး နိုင်ငံပိုင်ရုပ်ရှင်ရုံ မကွေး(မင်္ဂလာစံပြ)၊တောင်တွင်းကြီး(ရွှေလမင်း)နှင့် ပတ်သက်၍ တာဝန်နှင့်ဝတ္တရားများ လွှဲပြောင်းသည့် စာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသော မကွေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ မကွေး(မင်္ဂလာစံပြ)၊ တောင်တွင်းကြီး (ရွှေလမင်း)နှင့် ပတ်သက်၍ တာဝန်နှင့် ဝတ္တရားများ လွှဲပြောင်းသည့် (Deed of Assignment)စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် ဆောင်ရွက် ခဲ့သည်။

တာလေမြို့ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ငှားရမ်းခြင်း လုပ်ငန်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဝန်ဆောင်မှုပေး

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင် စာဖတ်ပရိတ်သတ်များ စာအုပ်စာစောင်များ အလွယ် တကူ လေ့လာဖတ်ရှုနိုင်ရန်အတွက် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌၂၀၂၀-၂၀၂၁ ပညာသင်နှစ်အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး တွေ့ဆုံပွဲ ပြု လုပ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ၂၀၂၀- ၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်း အလယ် တန်း၊ မူလတန်းကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် တွေ့ဆုံ ညှိနှိုင်းပွဲကို ယနေ့ နေ့လည်၃နာရီက အ.ထ.က ကျိုက်မရော ပညာအားမာန်ခန်းမ၌ ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စာသဒ္ဒါ (Grammar) အခမဲ့သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အမျိုးသမီးအသင်း(Women Club) တို့ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာ အရေး အသား စွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကာ အခြေခံအင်္ဂလိပ်စာသဒ္ဒါ (Grammar) အခမဲ့သင်တန်းကို အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန ခန်းမ၌ မေ ၂၀ ရက်မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
Subscribe to