မိုင်းဖြတ်၌ ဓါတ်သတ္ထုရှာဖွေ၊ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့် ရှင်းလင်းပွဲဆောင်ရွက်
မိုင်းဖြတ် မေ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဓာတ်သတ္ထုရှာဖွေ၊ တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ အဆင့်ဆင့်တင်ပြခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။