ငဖဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(ပင်စင်စား)များ၏ပင်စင်လစာငွေများပုံမှန်ထုတ်ပေး လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စု(၃၃) အုပ်စု တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား( ၈၃၂ )ဦး နေထိုင်လျက်ရှိရာ ဝန်ထမ်း(ပင်စင်စား)များ၏ မေလအတွက် ပင်စင်လစာများကို ယနေ့နံနက် ၇နာရီမှ စတင်၍ ငဖဲမြို့မြန်မာ့စီးပွားရေးဘဏ်၌ ရုံးဝန်းအတွင်းလုံခြုံရေး ဆောင်ရွက်ထားရှိပြီး ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အလှည့်ကျ သတ်မှတ်နေ့အလိုက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာများပုံမှန်အတိုင်းထုတ်ပေး

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်စားဝန်ထမ်းများ၏ ပင်စင်လစာများအား ယနေ့နံနက်၈နာရီမှစတင်ကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွန် ချက်များနှင့်အညီပုံမှန်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

မိုင်းယောင်း၌ ရာသီပေါ်သခွားမွှေးများ ဈေးကောင်းရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရာသီပေါ်သခွားမွှေးများ လှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူစားသုံး သူများအကြိုက်တွေ့၍ လတ်တလောကာလ၌ သခွားမွှေးများ ဈေးကောင်းရနေသဖြင့် ခြံစိုက်သခွားမွှေး ရောင်းချသူများ အဆင်ပြေကြကြောင်း သိရသည်။

မြင်းမူမြို့တွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း သင်တန်းဖွင့်လှစ်သင်ကြား

ဒေသခံလူငယ်လူရွယ်များ ကိုယ်ပိုင်လုပ်ငန်းလုပ်ငန်းအဖြစ်ထူထောင်လုပ်ကိုင်နိုင်ပြီး မိသားစု ဝင်ငွေပုံမှန်ရရှိစေမည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ပစ္စည်းထုတ်လုပ် ခြင်းသင်တန်းကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ပျော့ရွာကျေးရွာတွင်ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။

ဥတ္တရသီရိမြို့နယ် ဝက်စုကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက သတ္တမကြိမ်မြောက် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေး ပေးခြင်းကို ဥတ္တရသီရိမြို့နယ်၊ ဝက်စုကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအားနေ့အလိုက်ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအတွက် ပင်စင်လစာများကို ယနေ့နံနက် ၇ နာရီအချိန်ခန့်မှစတင်၍ ထုတ်ပေးလျက်ရှိသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပသည်။

ကံမမြို့ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ မြေသားရေမြောင်းအား ရေစီး ရေလာ ကောင်းမွန် စေရေးအတွက် အုတ်စီရေမြောင်းအဖြစ်ပြုလုပ်ဆောင်ရွက်

မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်း ရှိ မြေသား ရေမြောင်းအား ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်းအဖြစ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်နှင့်ဝန်းသိုမြို့နယ်အတွင်းရှိကုလားအော်ငရုတ်သီး အထွက်နှုန်းနည်းပြီး စျေးမကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အရှုံးပေါ်

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်နှင့်ဝန်းသိုမြို့နယ်အတွင်းရှိ၊ကျေးရွာအချို့တွင် ကောလင်း စျေးကွက်ကို အမှီပြု၍ ကုလားအော်ငရုတ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြရာ ယခုနှစ် ကုလား အော်ငရုတ်သီးသည် အထွက်နှုန်းနည်းပြီး စျေးမကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အရှုံးပေါ် လျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်−၁၉ ကာလအတွင်း သဘာဝပျားရည်များ ဝယ်လိုအားကျဆင်း

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသအတွင်းရှိ သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီးလူကြိုက်များသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလာမှုနည်းပါးပြီး ဝယ်ယူသူများမရှိသလောက်နည်းပါးကာ ဝယ်လိုအားကျဆင်း ခဲ့ကြောင်းသိရသည်။
Subscribe to