ကြံခင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေး လုပ်ငန်းဖြစ်သော ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် အရည်အသွေးပြည့်မှီသော ပုံပြောအစီအစဉ် လွှင့်တင်နိုင်ရေး ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက် Facebook Page မှတစ်ဆင့် အရည်အသွေးပြည့်မှီသည့် ပုံပြောအစီအစဉ်များကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကြံခင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ အစီအစဉ်များ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။