အိမ်မဲမြို့နယ်တွင် အသက်(၁၃)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် Happy ဖူဆယ်ဘောလုံးကွင်း၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အသက်(၁၃)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့က စတင်ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် စော်ရဲကျေးရွာ၌ ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စော်ရဲကျေးရွာ၌ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း စွမ်းရည်မြှင့်တင်ရေးအဖွဲ့မှ ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ (SMU) ဘက်စုံသုံး ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေ စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Cimmunity Centre ခန်းမ၌ မေ ၁၉ ရက် နံက် ၉ နာရီခွဲအချိန်တွင် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်စေရန် ရည်ရွယ်၍ ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ကြောင်းသိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ် -၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်ဆောင်ရွက်

ပြည်သူများ စာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ပြည်ထောင်စုလမ်းနှင့် ပင်လုံလမ်းဆုံရာ မဝတလမ်းဆုံရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ရုံးတွင်

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ ဦးစီးမှူးရုံး၌ “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင် စုလူဦးရေးစာရင်းများဆောင်ရွက်ပေးခြင်းကို မေလပထမပတ်မှ စတင်ကာပြုလုပ်ပေးနေ ကြောင်းသိရသည်။

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနား၊ မဒိန်၊ နောင်တာလော ကျေးရွာအုပ်စုများမှ ပြည်သူများနှင့်တွေ့ဆုံ

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနား၊ မဒိန်၊ နောင်တာလော ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ နေရပ်စွန့်ခွာစခန်းနေ ပြည်သူများနှင့် မိုင်းနားကျေးရွာ၊ ဒူဝါလဝမ်လီအောက်မေ့ ဖွယ်ခန်းမ၌ တွေ့ဆုံပြီး ဒေသခံ ပြည်သူများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ‌ဆောင်ရွက်ပေးခဲ့သည်။

တံတားဦးမြို့နယ် ဈေးချိုကျေးရွာအုပ်စု ကွမ်းသီးတန်းရပ် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကွင်းဆင်း စစ်ဆေး

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဈေးချိုကျေးရွာအုပ်စု ကွန်းသီးတန်းရပ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုင်ငံတော် ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော (VDP ) ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ယနေ့နံနက်(၉)နာရီက ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရှိ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများအား မှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိစေရန်နှင့် အသိဉာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ချက်ဖြင့်  ယနေ့နံနက် (၁၀) နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး နံရံကပ် စာစောင်များ ပြသထားကြောင်း သိရသည်။ 
Subscribe to