ဆိုလာမီးနှင့် အားကစားပစ္စည်းများလွှဲပြောင်းပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်နမ့်စန်မြို့တွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက နမ့်စန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

မိုင်းငေါ့မြို့ စိုက်ပျိုး‌ရေးဦးစီးဌာနတွင် ၂၀၂၁-ခုနှစ် ၊ မိုးသီးနှံသွင်းအားစု ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ၂၀၂၁-ခုနှစ် မိုးသီးနှံသွင်းအားစု ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ( ၁၀ ) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဒေါပုံ အခြေခံပညာကျောင်း ပေါင်း ၁၇ ကျောင်းတွင် မေ ၂၄ ရက်နေ့မှ စတင်ပြီး ကျောင်းအပ်လက်ခံ ပေးသွားမည်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၌  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ် နိုင်ရေးအတွက်  မြို့နယ်ပညာရေးဌာနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အခြေခံပညာကျောင်းများ အားလုံးကို ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေတာရှည်မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ စာငှား၊ စာဖတ် ဝန်ဆောင်မှုများ ပြန်လည်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး တွင် ဖွင့်လှစ်ဆောင် ရွက်လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ်ထားခဲ့ရာ ယခုအခါ နေ့စဉ်စာငှားနေသည့် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး အတွက်  ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ အပတ်စဉ် နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်အထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

 ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊အမှတ်(၇၀) ရပ်ကွက် ဗန္ဓုလလမ်းနှင့် ရွှေဗဟို (၂)လမ်း ထောင့်ရှိ အ.မ.က (၁၄) စာသင်ကျောင်းတွင် ယနေ့ နံနက် ၂ နာရီအချိန်က   မီးလောင်မှုဖြစ်ပွားသဖြင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်သူ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်အင်အား (၂၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၀)ဦး ၊ခမရ(၅၉၃)မှ အင်အား (၁၅)ဦး၊မြို့နယ်ရဲတပ်ဖွဲ့ဝင်အင်အား (၈)ဦး တို့ဖြင့် မီးငြိမ်း သတ်ခဲ့ရာ ၂ နာရီ ၃၅ မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်း သိရှိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ ပထမပတ်မှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

သာယာဝတီခရိုင်၊သာယာဝတီမြို့နယ်အတွင်းရှိ (ဒုတိယ)အကြိမ်ဂရန်အင်း (ပထမ)အကြိမ် အိတ်ဖွင့် တင်ဒါ ချက်များ လေလံတင်ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အတွင်းရှိ ၂၀၂၁-၂၀၂၂ လုပ်ငန်း ရာသီနှစ်အတွက် ဂရန်အင်း( ဒုတိယအကြိမ်) လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက်  ၁၀ နာရီက သာယာဝတီခရိုင် ငါးလုပ်ငန်း ဦးစီးဌာမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဂရန်အင်းတစ်အင်းအား ၂၉၂၀၀၀၀၀ ကျပ်နှင့် အိတ်ဖွင့်တင်ဒါချက် ရှစ်ချက်အား ၇၈၁၀၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့ရာ စုစုပေါင်း ၃၇၀၁၀၀၀၀ ကျပ် ရောင်းချနိုင်ခဲ့သည်။

ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “ကိုယ့်ကိုကိုယ်ယုံကြည်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to