အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)၌ မြန်မာ့ရိုးရာ အခြေခံသိုင်းသင်တန်း(၁/၂၀၂၁)ဖွင့်လှစ်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့် ကာယပညာ သိပ္ပံ(လွိုင်ကော်)မှ ဖွင့်လှစ်သည့် မြန်မာ့ရိုးရာအခြေခံသိုင်းသင်တန်း(၁/၂၀၂၁) သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အဆိုပါ သင်တန်းကျောင်း ၊ ပိုက်ကျော်ခြင်း အားကစားခန်းမ၌ ကျင်းပခဲ့သည်။