YBS အမှတ် (၃၁) ယာဉ်၊ အပူရှိန်လွန်ကဲ၍ ဘက်ထရီဝါယာရှော့စ်ဖြစ်ကာမီးလောင်မှုဖြစ်ပွား
သန်လျင်နှင့် ရန်ကုန် ပြေးဆွဲလျက်ရှိသော YBS အမှတ်(၃၁) ယာဉ်လိုင်းသည် ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်ခန့်က ဗိုလ်ချုပ်နေ၀င်းလမ်းနှင့် သန်လျင်မြို့မစျေးလမ်းထောင့် (ယခင်)ကြက်လျာစွန်းထောင့်တွင် အပူရှိန်လွန်ကဲ၍ ဘက်ထရီ ဝါယာရှော့စ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။