မှော်ဘီမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်နေမှု အခြေအနေများအား တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်နေမှု အခြေအနေများအား ယနေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ  ပြန်လည်ဖွင့်လှစ်

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အား မေလဆန်းမှစတင်၍ ပြည်သူများ စာပေဖတ်ရှု လေ့လာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ အလယ်မြောင်-ကျောက်ကြီး-စစ်တောင်း-မုပ္ပလင်လမ်း ကတ္တရာလမ်းချဲ့ထွင်ခြင်း များ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ အလယ်မြောင် - ကျောက်ကြီး -စစ်တောင်း -မုပ္ပလင်လမ်း ကတ္တရာလမ်းချဲ့ထွင်ခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

ဒလမြို့နယ်၌ လယ်ယာမြေဧက ၁၈၅၀ ကျော် ရေကြီးရေလျံမှုမှ ကာကွယ်ပေးနိုင်မည့် ကမာအောင်ချောင်းသွယ် တူးဖော်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ဒေသခံတောင်သူဦးကြီးများ၏ လယ်ယာမြေဧက ၁၈၅၀ ကျော် ရေဝင်နစ်မြုပ်မှုနှင့် ရေကြီးရေလျံမှုမှ ကာကွယ်ပေးနိုင်မည့် ကမာအောင်ချောင်းသွယ် တူးဖော်ခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ အရှည်ပေ ၅၀၁၆ ပေ တူးဖော်ပြီးစီးကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

ရွာသစ်မြို့ ရွှေရန်ပြေဘုန်းတော်ကြီးကျောင်း၌ ရှမ်းရိုးရာသဲပုံစေတီနှင့် ထမင်းထုပ်ပွဲတော်ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် နှစ်စဉ်မပြတ် ကျင်းပလေ့ရှိသော ရှမ်းရိုးရာပွဲတော် သဲပုံစေတီနှင့် ထမင်းထုပ်ပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါ နေရာ၌ ကျင်းပကြောင်း သိရသည်။

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (VDP) ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)ဖြင့် ဆောင်ရွက် သည့် ကျောက်ရောမြေခင်း ခြင်းလုပ်ငန်းများအား ကညင်မြောက်ကျေးရွာအုပ်စု ရှမ်းစုကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်​ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်မြို့၌ Mask Campaign ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရွာဘဲအုပ်ချုပ်ရေးမှူးရုံးရှေ့၌ ယနေ့နံနက် ၈နာရီခွဲ အချိန်က ပြည်မြို့နယ် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့တွင်းသို့ လှည့်လည်စစ်ဆေးရေး ကော်မတီမှ ဦးဆောင်၍ mask ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီး

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဦးစိုးမင်းလွင်၊ မေသက်နွယ် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် သည့် လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ ဦးဇော်လင်းထိုက်နှင့် လမ်းကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်ဝင်းနှင့် အဖွဲ့ဝင် ၁၉ ဦးတို့က ကြီးကြပ်၍ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဗေဒင်ကုန်းရပ်ကွက်၊ ကန်သာယာလမ်း ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်းအား ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ခင်းကျင်းပြီးစီး ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ  ကော့သောင်းခရိုင် လုပ်ငန်းရှင် များအား တွေ့ဆုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၈ နာရီ က ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမ၌ ကော့သောင်းခရိုင်  အတွင်းရှိ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။
Subscribe to