မြောက်ဦးမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ Gender.CEDAW.NSPAW နှင့်ပတ်သက်၍ အသိပညာ ပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ Gender.CEDAW.NSPAW နှင့်ပတ်သက်၍ အသိပညာ ပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမ အတွင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများအပ်နှံရာတွင် မိဘပြည်သူများ အခမဲ့ကျောင်းအပ်နှံရေး ဗီနိုင်းပိုစတာစိုက်ထူ

ရှမ်းပြည်နယ်( တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ စာသင်ကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရာတွင် မိဘပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သည့် ဗီနိုင်း၊ ပိုစတာကို လူအများမြင်သာသည့် နေရာတွင် စိုက်ထူ ထားပေးကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၁၉-၂၀၂၀ခုနှစ်၊ သဘာ၀ဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးမှု အပေါ်ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၁၉-၂၀၂၀ခုနှစ်၊ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံ ပျက်စီးဧကများအပေါ် ပြည်ထောင်စုအစိုးရအရေးပေါ် ရံပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

တံတားဦးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် ရှင်းလင်း

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ရရှိရေးဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် ရှင်းလင်းခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ကျောက်ဖြူမြို့၊ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်း သား၊ ကျောင်းသူ လေးများအား ယာဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပို့ချ

ရခိုင်ပြည်နယ်၊ကျောက်ဖြူနယ်ရှိ အခြေခံပညာမူလတန်းနှင့် အလယ်တန်း ကျောင်းများမှ ကျောင်း သား၊ကျောင်းသူများကို ဘာသာ တရားအား ရိုသေ ကိုင်းရှိုင်း တတ်လာစေရန်၊ အသိဉာဏ်ပညာ ဗဟုသုတ များတိုးပွား လာစေ ရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး ထူးချွန်ထက်မြက်သည့် လူတော် လူကောင်း လေးများဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီက အမှတ်(၃) အခြေခံ ပညာအထက်တန်း ကျောင်းတွင် ယာဉ်ကျေး လိမ္မာသင် တန်းအား ဆရာ၊ ဆရာမများက ဖွင့်လှစ် ပို့ချပြသလျှက်ရှိသည်။

ရေစကြိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ အသိ ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ရေစကြိုမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှူးရုံးက ယမန်နေ့နံနက် ၈ နာရီ အချိန်က ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေအသိပညာပေး လက်ကမ်းစာစောင်ကို အများပြည်သူသွားလာရာ ရေစကြိုမြို့အဝင်တွင် ဖြန့်ဝေခဲ့သည်။

မြိုင်မြို့ရှိ တင့်ဆန်းချမ်းသာမြသီတာ သောက်သုံးရေကန်အား မြေသားတူးဖော် ဆယ်ယူ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၏မှီခိုအားထားရသော တင့်ဆန်း ချမ်းသာမြသီတာ သောက်သုံးရေကန်အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင် ကာ ယမန်နေ့မှ စတင်၍ မြေသားတူးဖော် ဆယ်ယူခြင်းလုပ်ငန်းများဆောင်ရွက် လျက်ရှိသည်။

ရေစကြိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် လေဘေးသင့်ခဲ့သော အခြေခံပညာ ကျောင်းများ အတွက် သွပ်နှင့်သံများ ထောက်ပံ့

ရေစကြိုမြို့နယ်တွင် မေလ ၁၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက် ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော အခြေခံပညာကျောင်းများ အတွက်သွပ်နှင့်သံများ ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀နာရီခွဲ အချိန် က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

မုဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေး သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်ရပ်ကွက်/ကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူး များနှင့် စာရေး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာရေး သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁နာရီက မုဒုံမြို့နယ် ရွှေဟင်္သာခန်းမ၌ ပြုလုပ်သည်။

ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်ရှိ လမ်းမတော်လမ်းဘေး၊ ကြံ့ခိုင်ရေးလမ်း နှင့်သီရိ-၂ လမ်းဆုံ နေရာများ၌ Box Culvert များ ပြုလုပ်

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်ရှိ လမ်းမတော် လမ်းဘေး၊ ကြံ့ခိုင်ရေးလမ်းနှင့်သီရိ-၂လမ်းဆုံနေရာများတွင် ရပ်ကွက်နေပြည်သူများ သွားလာမှု အဆင်ပြေ လွယ်ကူစေရေးနှင့် မိုးရာသီ ကာလများ၌ရေစီးရေလာ ကောင်းမွန်စေရေး တို့အတွက် Box Culvert (၂)ခု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Subscribe to