ကော့ကရိတ်မြို့၌ အစိုးရပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
သသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာထွန်းကားပြန်ပွားရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရပါဠိပထမ ပြန်စာမေးပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ် ၆ရပ်ကွက် မြို့မဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။