ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်ရန် ပြန်လည်ဖွင့်လှစ်ပေး
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ပြီးနောက် ယခုအခါ ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် ကျောက်တံတား မြို့နယ် ပြည်သူ့စာကြည့်တိုက်အား မေလဆန်းမှ စတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။