ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ ပြန်လည် ဖွင့်လှစ်ဆောင်ရွက်

ပြည်သူများ အသိဉာဏ်၊ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်္ဃန်းကျွန်းမြို့နယ်ရုံးတွင် ဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ် ထားခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

ကျိုက်မရောမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ အသိပညာပေး Talk Show ပြုလုပ်

ကျိုက်မရော မေ ၁၃ ပြည်သူများ အသိပညာရရှိစေရန်နှင့် စာပေဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ" ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ခေါင်းစဉ်ဖြင့် အသိ ပညာပေးTalk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ စာဖတ်ခန်းမ၌ပြုလုပ်ကြောင်း သိရသည်။ အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ချိူမြတ်မြတ်ထွေးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်း

မိုင်းဖြတ်မြို့နယ်၊ သံချပ်ကားတပ်ရင်းတပ်ပိုင်မြေမှ (၁၅.၂၁)ဧကအား နိုင်ငံတော်သို့ ပြန်လည်လွှဲပြောင်း ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဟိုနားကျေးရွာအတွင်းရှိ  သံချပ်ကားတပ်ပိုင်မြေမှ (၁၅.၂၁)ဧကအား မူလပိုင်ရှင်များသို့ ပြန်လည်ပေးအပ်ရန်အတွက် ခရိုင်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီထံ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က သံချပ်ကားတပ်ရင်းခန်းမ၌ ကျင်းပခဲ့သည်။

စစ်တွေမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ

လွတ်လပ်ပြီးတရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား(ပြု) လက်မှတ် ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံသားတိုင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိရမည်ဟူသော ရည်မှန်းချက်ဖြင့် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စစ်တွေမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်း တိုင်းရင်းသား များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအဆောက်အဦးဆောက်လုပ်နေမှု ၈၀ ရာခိုင်နှုန်း ပြီးစီး

ကံမ မေ ၁၃ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံး အဆောက်အ ဦးအသစ် ဆောက်လုပ်နေမှု ၈၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေး၊ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ၊ မြစိမ်း ရောင်စီမံကိန်းများအပြင် ကျေးလက်နေပြည်သူများအား တစ်ဖက်တလမ်းမှဝင်ငွေရရှိစေရန် ပန်းရံ သင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ စက်ချုပ်သင်တန်း အစရှိသည့် သင်တန်းများအား ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။ အဆိုပါ ဆောက်လုပ်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအဆောက်အဦးမှာ အလျား ၆၆ ပေ၊ အနံ ၄၅ ပေနှင့်အ

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၈/၂၀၂၁)ကို ယမန်နေ့နံနက် ၁၀ နာရီ က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ပြည်သူများ စာပေအသိပညာတိုးပွားရေး ပြန်လည်ဖွင့်လှစ်

ပြည်သူများ စာပေအသိပညာတိုးပွားစေရန်နှင့် စာတတ်သူတိုင်း စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင်

ကော့ကရိတ်မြို့၌ မင်းကွတ်သီးအထွက်နှုန်းကောင်းပြီး စျေးကောင်းရရှိ

 ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ တောင်ကြာအင်းကျေးရွာအုပ်စုရှိ ဖားကျ​ကျေးရွာ၊ လောင်းကိုင်​ကျေးရွာ၊ သသမိန်ဒွတ်ကျေးရွာ၊ ဝင်းကကျေးရွာအုပ်စု၊ ထီးစူးခီးကျေးရွာ တို့တွင် ရာသီပေါ်သီးနှံများဖြစ်သည့် မင်းကွတ်သီးများသည် ယခုနှစ်တွင် မိုးဦးကျစောသည့်အတွက် အထွက်နှုန်းကောင်းပြီး စျေးကောင်းရရှိသည့်အတွက်  မင်းကွတ်သီး စိုက်ပျိုးသူ တောင်သူများ အနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြဝတီ၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်

အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီး ဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ
Subscribe to