ထန်းတပင်၌ အခြေခံမော်တာ စက်ချုပ်သင်တန်းဖွင့်လှစ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးနှင့် ကျေးလက်ကုန်ထုတ် လုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာ အကူအညီများ ရရှိစေရန် ရည်ရွယ်၍ ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာစက်ချုပ် သင်တန်းကို အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ထန်းတပင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။