ဗိုလ်တထောင်ဘုရား ဂေါပကအဖွဲ့နှင့် ရုံးဝန်ထမ်းမိသားစုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ဘုရား ဂေါပကအဖွဲ့နှင့် ရုံးဝန်ထမ်းမိသားစုများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်း အချိန်က အဆိုပါဘုရား ဇရပ်အဆောင်(၁)တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။