မလှိုင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၃)လုံး အမိုးလန်ပျက်စီး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် လက်စွေ့ကျေးရွာအုပ်စု၊ ရေဝန်းကျေးရွာတွင် မေ ၁ဝ ရက်နေ့နံနက်(၇)နာရီအချိန်ကလေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ်(၃)လုံးအမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည် ။

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ မြိုင်ကြီးငူဒေသသို့ တိမ်းရှောင်လာသော နေရပ်စွန့်ခွာပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ အဖွဲ့ဝင်(၃)လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူးဦးရဲထွန်းဦးနှင့် ဌာနဆိုင်တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၈ ရက်နေ့ မွန်းလွဲပိုင်းက မြိုင်ကြီးငူဒေသရှိ နေရပ်စွန့်ခွာပြည်သူများအား စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်ပြီး ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ကာ ဒေသဖွံဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၆)လုံးပြိုကျပြီး၊နေအိမ်(၆)လုံး အမိုးလန်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၆)လုံး ပြိုကျကာ (၆)လုံး အမိုးလန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ကျောင်းကုန်းမြို့နယ် သဲကုန်အုပ်စု၊ ကျွန်းကလေးကျေးရွာတွင် နေအိမ်(၃)လုံးပြိုကျပြီး၊ နေအိမ်(၃)လုံး အမိုးလန်သွားခဲ့သည်

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရေရှားပါးသည့် ဂန္ဓာရီပရဟိတ ကျောင်းသို့ သောက်သုံးရေ(၃၂၀၀)ဂါလံလှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန၊ ဒုမီးသတ်ဦးစီးမှူး ဦးဆောင်သန်းဝင်းဦးဆောင်၍ အခြားအဆင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ရေသယ်ယာဉ် (၁)စီးဖြင့် ယနေ့ နံနက်(၈)နာရီ အချိန်က ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတကျောင်းသို့ သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ချောင်းဆုံ၌ ရပ်ကွက်/ကျေးရွာအုပ်စုယာယီအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်မားရေး သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ယာယီ အုပ်ချုပ်ရေးမှူးများ နှင့် စာရေးဝန်ထမ်းများ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ၊ ပြည်သူများ ရပ်ရွာတွင် အေးချမ်းတည်ငြိမ်စွာနေထိုင်နိုင်ရေးအတွက်ရည်ရွယ်၍ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်၈နာရီက ချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးအောင်ကြည် သိန်း၊ ချောင်းဆုံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် သင်တန်းသားများ တက် ရောက်ကြောင်း သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဒူးရင်းသီးစတင်ထွက်ရှိပြီး ဈေးကောင်းရရှိ

ကရင်ပြည်နယ်  ကော့ကရိတ်ခရိုင်  ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ တောတောင် စိမ့်စမ်းရေမြေများကောင်းမွန်မှုကြောင့် နှစ်ရှည်သီးနှံပင်ဖြစ်သည့် ဒူးရင်းပင်များမှာ သဘာဝ အတိုင်းပေါက်ရောက်ရှင်သန်ကြီးထွားလေ့ရှိပြီး (၁၀)နှစ်ခန့်အကြာတွင် အဖူးငုံပွင့်ကာ အသီးသီးကြောင်းသိရသည်။

ကျိုက်မရော၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး အသက် ၆၅ နှစ်အထက် သက်ကြီး ဘိုးဘွား များနှင့် လူမူရေးအသင်းအဖွဲ့များအား ဆက်လက်ထိုးနှံပေး

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိရာ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများအား ယနေ့ နံနက် ၉နာရီမှစ၍ မြို့နယ်အားကစားရုံခန်းမ၌ စတုတ္တမြောက် အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

သထုံမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များအား ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ် အဆင့်ဆင့် ရှင်းလင်း ဆွေးနွေး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းနေထိုင်ကြသော ပြည်သူများအား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေး (ပန်းခင်းစီမံချက်)နှင့် ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်အဆင့်ဆင့်အား ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များသို့ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။

ကျောက်ဆည်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုး ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် ရှင်းလင်းပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ မြို့နယ်အတွင်း နေထိုင်လျက်ရှိသူများအနက် မွေးရာပါ နိုင်ငံသားအရည်အချင်းရှိသော တိုင်းရင်းသားများနှင့် တိုင်းရင်းသားမဟုတ်သော်လည်း ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်သော ဥပဒေအရ နိုင်ငံသားများအား ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ တို့ဖြင့် စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့်နိုင်ငံသားစီ စစ်ရေးကဒ်ပြား၊ နို်ငငံသားပြုစိစစ်ရေး ကဒ်ပြား၊အမျိုးသားမှတ်ပုံတင်ကဒ်ပြားစသည့်ကဒ်ပြားတစ်မျိုးမျိုးဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက်ရှင်းလင်းပွဲ ကိုမေ(၁၀)ရက် နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ တက်ရောက် ခဲ့ကြောင်းသိရှိရသည်
Subscribe to