မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ  လယ်ယာမြေလုပ်ပိုင်ခွင့်ပြု ပုံစံ(၇)များ ပေးအပ်

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးလှိုင်တင့်နှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မေလ ၂ ရက်နေ့ နံနက်ပိုင်းက သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့သို့ ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ  လယ်ယာမြေလုပ်ပိုင်ခွင့်ပြု ပုံစံ(၇)များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲနှင့် စံပြ မြစိမ်းရောင်စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားကျင်းပ

မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲနှင့် စံပြမြစိမ်းရောင်စီမံကိန်း ကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘူးသီးတောင်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မကွေးမြို့၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ပြီးစုပေါင်းသွေးလှူဒါန်း

မေ ၅ ရက်နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အကြို ပြည်သူ့အကျိုးပြုလုပ်ငန်းအား ယနေ့ နံနက်(၇)နာရီအချိန်က

ရှမ်းပြည်နယ်အတွင်းရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးများတွင် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာကွယ်၊ ကုသစောင့်ရှောက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်အတွင်းရှိ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးများတွင် ပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများသာမက ရပ်နီးရပ်ဝေးမှ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာကိစ္စများ၊ ကာကွယ်ကုသရေးဆိုင်ရာကိစ္စများနှင့် အရေးပေါ်ကျန်းမာရေး ကိစ္စများကို ကျန်းမာရေး ဝန်ထမ်းများက ကုသစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ အား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ မွေးကင်းစမှအသက်(၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်မှ စတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ နွေစပါးနှင့် နွေနှမ်း အပါအဝင် အခြားနွေသီးနှံများကို မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရ သည်။

ပွင့်ဖြူမြို့၌ မြို့တွင်းသန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်ရေမြောင်းများပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် မြို့တွင်းရေစီးရေလာကောင်းမွန်ရေးအတွက်ရည်မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် မြို့တွင်းရေစီးရေလာကောင်းမွန်ရေးအတွက်ရည်ရွယ်၍ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပေါ် ရပ်ကွက်များရှိ လမ်းဘေး(ဝဲ ၊ ယာ)များတွင် အုတ်ရေမြောင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ရွယ်၍ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပေါ် ရပ်ကွက်များရှိ လမ်းဘေး(ဝဲ ၊ ယာ)များတွင် အုတ်ရေမြောင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် ညောင်ပေါက်ကျေးရွာတွင် ကျောက်ပန်းရိုက်လုပ်ငန်းများလုပ်ကိုင်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာအုပ်စု ညောင်ပေါက်ကျေးရွာတွင် ကျောက်ပန်းရိုက်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေကြောင်း ကျောက်ပန်းရိုက် လုပ်ငန်း လုပ်ကိုင်သူဦးလှမိုးထံမှ သိရသည်။

ထားဝယ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကျင်းပ

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြိုနယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မူများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ချိန်မှ စတင်ကာ အခြေခံပညာကျောင်းများတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Subscribe to