တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြိတ်ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် သည် တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်(၁) နာရီက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာ အစည်းအဝေးခန်းမတွင် ခရိုင်စီမံအုပ်ချုပ်‌ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံခဲ့သည်။

မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၁၅) ရပ်ကွက်တွင် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့များပေးအပ်ခြင်းကို ယနေ့ နေ့လည် ၁၂:၃၀ နာရီ အချိန်က မြင်းခြံမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

သန်လျင်မြို့နယ် ချောင်းစောက်ကျေးရွာ၌ အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်လှစ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ချောင်းစောက်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။

ဖြူးမြို့နယ် လေးအိမ်စုကျေးရွာ ဖွံ့ဖြိုးရေး ကျောက်ရောမြေသားလမ်းခင်းခြင်းများ ဆောင်ရွက်မှု ပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆−၂၀၁၇ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လေးအိမ်စု မြစိမ်းရောင်စီမံကိန်းကျေးရွာမှ ရရှိလာသော အတိုးငွေနှင့် ပြည်သူလုပ်အား ထည့်ဝင်မှုဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာအတွင်း ကျောက်ရောမြေခင်းခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေကို ခေတ္တမြို့နယ်ဦးစီးမှူးနှင့် အဖွဲ့မှ ယမန်နေ့ နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

ကရင်စာပေအခြေခံ ဆရာဖြစ်သင်တန်းဆင်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ ကျောင်းအိုင်အုပ်စု၊တောင်ယာစုကျေးရွာ ၊ ပိန်းဂရက်လေး အခြေခံပညာမူလတန်းကျောင်း၌ ကရင်စာပေအခြေခံ ဆရာဖြစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ငါးသိုင်းချောင်းမြို့ စည်ပင်သာယာမြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ စည်ပင်သာယာမြို့မဈေး၌ ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း ကူးဆက်ပြန့်ပွားခြင်းမရှိစေရေးအတွက်‌ ဒေသခံပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း (mask)နှာခေါင်းစည်း တပ်ဆင် ဆက်သွယ်သွားလာရေးနှင့် (mask)နှာခေါင်းစည်း နှင့်မျက်နှာကာ(face shield)များ အခမဲ့ ဖြန့်ဝေခြင်း၊ ဈေးအတွင်းတပ်ဆင်ထားရှိသည့် လက်ဆေးဘေဇင်များ၌ စနစ်တကျလက်ဆေးရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

မြို့နယ်ဥပဒေရုံးသစ်အဆောက်အဦပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်ဥပဒေရုံးသစ် အဆောက်အဦ တည်ဆောက်မည့်မြေနေရာပန္နက်တင်မင်္ဂလာအခမ်းအနားအား ဧပြီလ ၂၅ ရက်နေ့ မင်္ဂလာအချိန် နံနက် ၁ဝး၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။

ကျောက်ဆည်မြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများ ဈေးကောင်းရသဖြင့် မိသားစုများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများ ယခုအချိန်တွင် ဈေးကောင်းရသဖြင့် စီးပွားရေး အဆင်ပြေလျှက်ရှိကြောင်းနှင့် ခရမ်းချဉ်ပင်သည် စီးပွားဖြစ် စိုက်ပျိုးပါက စတင်ပျိုးထောင်သည့်အချိန်မှ စတင်ပြီး ပြောင်းရွေ့စိုက်ပျိုးခူးဆွတ်ရောင်းချိန်အထိ အမြဲ ဂရုစိုက်ရသည့် အပင်အမျိုးအစားဖြစ်ကြောင်း စိုက်ပျိုးမြေ အမျိုးအစားအလိုက် ရာသီဥတုအခြေ အနေပေါ် မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်း ဆေးများ ဖျန်းပေးရကြောင်း သိရှိရသည်။

နေပြည်တော်ကောင်စီ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်ကောင်စီ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး ပန်းခင်းစီမံချက်အကြောင်း မိတ်ဆက်ရှင်းလင်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ မြန်မာနိုင်ငံသားများ ဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး ပန်းခင်းစီမံချက်အကြောင်း မိတ်ဆက်ရှင်းလင်းသည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့် က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
Subscribe to