သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ထန်းလျှော်တောင်း ယက်လုပ်သူများ ဝင်ငွေကောင်းရရှိ

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ကျောက်ဆည်ခရိုင်၊ တံတားဦး မြို့နယ် ဘလဲ့ဘကျေးရွာ၌ ထန်းလျှော်တောင်း ယက်လုပ်သူများ ဝင်ငွေကောင်းသည့်အတွက် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ရှိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီက စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် မြို့နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများအား ဆက်လက်ထိုးနှံပေး လျှက်ရှိကြောင်းသိရသည်။

မိုင်းယောင်း၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVISHIELD)ကို ဧပြီ ၂၂ ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ စုရပ်ထားရှိပြီး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

တောင်ပြိုလက်ဝဲမြို့ရှိ ဌာနဆိုင်ရာများနှင့် ပြည်သူများအားကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ

ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ ဌာနဆိုင်များနှင့် ပြည်သူများအား ယနေ့နံနက်ပိုင်း မှစတင်၍ ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။

မိုင်းယုမြို့၌ နှစ်ထပ်ဆွမ်းစားကျောင်းဆောင်အတွက် အလှူငွေများ ဆက်လက်လှူဒါန်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် မြို့မရပ်ကွက် ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်အတွင်း နှစ်ထပ်ဆွမ်းစားဆောင်ဆောက်လုပ်ရန်အတွက် ယမန်နေ့က ပြည်သူများမှ အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိသည်။

မင်းလှမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စား ပြည်သူများအား ဧပြီ ၂၁ ရက် နံနက်ပိုင်းက စတင်၍ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ သံဃာတော်များ၊ သီလရှင်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ရုံးရပ်တောင်ပိုင်းရပ်ကွက်၊ ဦးကင်းဘုရား ဓမ္မာရုံ တွင် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ထိုးနှံပေးကြောင်းသိရသည်။

COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံထွက်ဖရဲသီးများ တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချရန် အခက်တွေ့

မူဆယ်၊ ၁၀၅မိုင် ကုန်သွယ်ရေးဇုန်အတွင်းမှ သစ်သီးဝလံ ကုန်စည်ဒိုင်များတွင် မြန်မာ့ပို့ကုန် တစ်ခုဖြစ်သော ဖရဲသီးတင်ဆောင်လာသော မော်တော်ယာဉ်များသည် တရုတ်နိုင်ငံသို့ တင်ပို့ခွင့် မရဘဲ ဧပြီလ ၂၁ ရက်နေ့၌ ပိတ်မိလျက်ရှိကြောင်းနှင့် အချို့မော်တော်ယာဉ်များသည် အရှုံးခံ၍ ပြန်လည်ထွက်ခွာ လျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့၌ ဒေသထွက်ခရမ်းချဉ်သီးများ စျေးကောင်းရရှိသဖြင့် ခရမ်းချဉ် စိုက်တောင်သူများ အဆင်ပြေနေ

ပြင်ဦးလွင်မြို့မှဒေသထွက် ခရမ်းချဉ်သီး များစျေးကောင်းရရှိသဖြင့်ခရမ်းချဉ်စိုက်တောင်သူ များအဆင်ပြေလျက် ရှိကြောင်းသိရသည်။
Subscribe to